Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်း အမျိုးအစားများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခေါင်းတစ်ခြမ်းကိုက်ခြင်း
ခေါင်းတစ်ခြမ်းမှာ ရုတ်တရက်ကိုက်ခဲတာက အမြဲလိုလို ထပ်ခါထပ်ခါဖြစ်နေတာမျိုးပါ။ ဒီလို ခေါင်းတစ်ခြမ်းကိုက်တာက အမြင်ဝေ၀ါးတာ၊ အကြားအာရုံချို့ယွင်းတာ၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်တာနဲ့ အန် တာတွေကြောင့် ဖြစ်တတ်ပါတယ်။

အစာခြေလမ်းကြောင်းစနစ်ပြဿနာကြောင့် ခေါင်းကိုက်ခြင်း
အစာအိမ်၊ ကျောက်ကပ်၊ အူလမ်းကြောင်းနဲ့ သည်းခြေအိတ် ပြဿနာတွေကြောင့် ခေါင်းကိုက်တတ်ပါတယ်။ အရက်အလွန်အမင်းသောက်တာ၊ အစာနဲ့ ဓာတ်မတည့်တာ၊ ဆိုးဆေးပါတဲ့ အစားအသောက် တွေစားမိတာတွေကြောင့် ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း
စိတ်ဖိစီးမှုတစ်ခုခုကြုံတဲ့အခါ လည်ပင်းကနေ ဦးခေါင်းခွံထိပ်အထိ ကိုက်ခဲနာကျင်တာမျိုးဖြစ်ပါတယ်။

နာကျင်မှုကြောင့် ခေါင်းကိုက်ခြင်း
ဒီလိုကြွက်သားဆွဲဆန့်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာဟာ လည်ပင်းကနေနဖူးအထိ အနည်းငယ်ကနေ အသင့်အတင့်ခံစားရစေနိုင်ပါတယ်။

နှာခေါင်းမြှေးရောင်ရမ်း၍ ခေါင်းကိုက်ခြင်း
နှာခေါင်းမြှေး ရောင်ရမ်းပြီး မျက်ဝန်း၊ နှာခေါင်းနဲ့ ဦးခေါင်းတစ်ဝိုက်မှာ ပြင်းပြင်းထန်ထန်နဲ့ ဆိုးဆိုးရွားရွား ကိုက်ခဲတတ်ပါတယ်။

ပူပင်မှုကြောင့် ခေါင်းကိုက်ခြင်း
ပူပင်သောကများတဲ့အခါ ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာက နဖူးတစ်ဝိုက် ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top