Healthy Life Ad
Child

၀က်သက်ရောဂါ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဝက်သက်ရောဂါက ဘာကြောင့် ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ဝက်သက်ရောဂါ (Measle) ဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ချောင်းဆိုး တဲ့အခါ၊ နှာချေတဲ့အခါ၊ အသက်ရှူတဲ့အခါ၊ ကူးစက်တတ်တယ်။ ပန်းကန်၊ ခွက်တွေ အတူသုံးရင်လည်း ကူးတတ်ပါတယ်။

မေး။ ။ ဝက်သက်ရောဂါကို ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ ကာကွယ်လို့ရလားဆိုတော့ ကာကွယ်နိုင်ပါ တယ်။ MMR(Mumps, Measles and Rubella) ခေါ်တဲ့ ကာကွယ်ဆေးရှိတယ်။ ကလေး ၁၂ လကနေ ၁၅လအတွင်းထိုးပေးရတယ်။ အသက် ၄နှစ်၊ ၆ နှစ်လောက်မှာ တစ်ခေါက်ပြန်ထိုးရမယ်။

မေး။ ။ ဝက်သက်ရောဂါကို ကာကွယ်ဆေးထိုးမထားလို့ ကူးစက်ရင် ဘယ်လို လက္ခဏာတွေ ပြသတတ်ပါသ လဲ ဆရာမ။
ဖြေ။ ။ ကာကွယ်ဆေးထိုးမထားရင် စဖြစ်စက ရိုးရိုး အအေးပပ်သလို ဖြစ်တတ်ပါတယ်။ အနီစက်နဲ့ ပြန့် သွားတဲ့ အနီပြင်တွေကို ခေါင်း၊ လည်ပင်းမှာ စတွေ့ရတတ်တယ်။ ပြီးရင် တစ်ကိုယ်လုံး ပြန့်သွားတယ်။ ဖြစ်ရင် အတော်ခံရဆိုးတယ်။ ကာကွယ်ဆေးမထိုးထားရင် အရွယ်မရွေးဖြစ်နိုင်ပါတယ်၊ တစ်နှစ်အောက်ကလေးတွေ၊ ကျောင်းနေရွယ် ကလေးတွေ၊ ကိုယ်ခံစွမ်းအားကျသူတွေ ဖြစ်တတ်ပါတယ်။

မေး။ ။ ဝက်သက်က ကူးစက်ခံရပြီးတာနဲ့ ချက်ချင်း ဖြစ် ပေါ်တတ်ပါသလား ဆရာမ။
ဖြေ။ ။ ဝက်သက်က ရောဂါပိုးနဲ ့ ထိတွေ ့ပြီး ၁၀ရက်နဲ့ ၁၂ ရက်ကြာမှာ ဖြစ်တတ်တယ်။ ဖျားမယ်၊ မောမယ်၊ အစားပျက်မယ်၊ မျက်ရည်ကျလာပြီး မျက်လုံးတွေ နီလာမယ်၊ ချောင်းဆိုးမယ်။ တစ်ပတ်ကနေ သုံးပတ် လောက်ကြာမယ်။ နှာရည်ကျမယ်။ နှစ်ရက်၊ သုံးရက်လောက်ကြာတဲ့အခါ ပါးစောင်မှာ အဖြူရောင် အစက်လေးတွေ တွေ့ရတတ်တယ်။ နောက်နှစ်ရက်လောက်ကြာတဲ့အခါ တစ်ကိုယ်လုံးပြန့်တာပဲ။ ဝက် သက်ပေါက်တဲ့သူက အဖျားမကြီးခင် အရေပြားအကွက်တွေ မထွက်ခင် လေးရက်လောက်မှာကတည်းက ကူးတတ်တာကို သတိထားရမယ်။

ဝက်သက်ဖြစ်ရင် ကုသမှုမခံယူတဲ့အခါနောက် ဆက်တွဲ ဆိုးကျိုးအနေနဲ့ လူနာတွေမှာ မျက်လုံးနီမယ်၊ မျက်ရည်ကျမယ်၊ မျက်စိကွယ်တယ်၊ ဦးနှောက် အမြှေးရောင်တယ်၊ ဝမ်းလျှောမယ်၊ နားထဲ ပိုးဝင်မယ်၊ နားမကြားဖြစ်တတ်တယ်၊ အသက်ရှူလမ်းကြောင်း ပိုးဝင်မယ်၊ လေပြွန်ရောင်မယ်၊ အဆုတ် အအေးပတ်မယ်၊ တက်မယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကလေးပျက်ကျတယ်၊ ပေါင်မပြည့်တဲ့ ကလေးတွေ မွေးတတ်ပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိပါတယ်။

ကလေးတွေမှာ ဖြစ်ရင် အနည်းဆုံး အရေပြားကွက်တွေ ထွက်ပြီး ငါးရက်လောက် ကျောင်းနားခိုင်း ထားရပါမယ်။

‘ဝက်သက်တစ်ခါပေါက်ပြီးရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်မပေါက်တော့ပါဘူး။ သဘာဝက ကိုယ်ခံစွမ်းအားစနစ် ရသွားပါတယ်။ ဝက်သက်ပေါက်ရင် ချက်ချင်းဖြစ်လာတတ်တဲ့ ဦးနှောက်အမြှေးရောင်တာမျိုးက လူကြီးတွေမှာ ပိုဖြစ်တတ်တယ်တဲ့။ ဒါကြောင့် ကြီးမှဝက်သက်ပေါက် ရင် သတိထားလို့ပြောကြတာပါ . . .’

မေး။ ။ ဝက်သက်ရောဂါကို ဘယ်လို ကုသမှု ပေးရမလဲ ဆရာမ။
ဖြေ။ ။ ဘယ်လို ကုသရမလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦးတော့ ကွာခြားမှု ရှိပါတယ်။ သေသေချာချာ မတိကျဘူး။ ဘက်တီးရီးယား ပိုးသတ်ဆေးနဲ့ ကုသရပါ မယ်။ အိမ်မှာ နားနေရမယ်။ ရေများများ၊ အရည် များများ သောက်ရမယ်။ မျက်လုံးစူးရင် အလင်းရောင် ရှောင်ရမယ်။ အကိုက်အခဲပျောက်စေတဲ့ ကိုယ်ပူကျဆေး သောက်ရမယ်။ အရေးကြီးတာ Aspirin စားဆေးမသောက်သင့်ဘူး။ ဖြစ်တတ်တယ်။Reye Syndrome ဗီတာမင်အေ ကျွေးရမယ်။

တချို့က တစ်ပတ်လောက် ဖျားနေတတ်တယ်။ အရေပြား အနီကွက်တွေ မထွက်ခင် သုံးရက်လောက် ကတည်းက အရေပြားအကွက်ထွက်ပြီး လေးရက်လောက် အထိဖျားနေတတ်တယ်။ နေသာလာပြီး သုံး ရက်လောက်နေမှ အရေပြားကွက်တွေ သက်သာတော့တယ်။

မေး။ ။ ဝက်သက်က တစ်ခါပေါက်ပြီးရင် နောက်တစ်ခါ ပြန်ပေါက်နိုင်ပါသလား ဆရာမ။
ဖြေ။ ။ ဝက်သက်တစ်ခါ ပေါက်ပြီးရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်မပေါက်တော့ပါဘူး။ သဘာဝက ကိုယ်ခံစွမ်းအားစနစ် ရသွားပါတယ်။

ဝက်သက်ပေါက်ရင် ချက်ချင်းဖြစ်လာတတ်တဲ့ ဦးနှောက် အမြှေးရောင်တာမျိုးက လူကြီးတွေမှာ ပို ဖြစ်တတ်တယ်တဲ့။ ဒါကြောင့် ကြီးမှ ဝက်သက်ပေါက်ရင် သတိထားလို့ ပြောကြတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top