Healthy Life Ad
Health Tips

အရေပြားယားနေသလား

– အရေပြားခြောက်သွေ့မှုမဖြစ်အောင် ရေချိုးပြီးတိုင်း လိုးရှင်းလိမ်းပေးသင့်ပါတယ်။

– ရေပူနဲ့ရေချိုးတာ၊ အချိန်အကြာကြီး ရေစိမ်ချိုးတာတို့ကို ရှောင်ရပါမယ်။ ရေပူနဲ့ရေချိုးရင် နောက်ဆုံးမှာ ရေအေးလောင်းပြီး ချိုးသင့်ပါတယ်။

– ရေချိုးတဲ့အခါ သေချာကြေးတွန်းသန့်စင်ပေးရပါမယ်။

– အနံ့နည်းတဲ့ဆပ်ပြာသုံးရပါမယ်။ ဆပ်ပြာပြောင်စင်တဲ့အထိ ရေချိုးရပါမယ်။ ရေသုတ်ရင်တဘက် နဲ့ခပ်ကြမ်းကြမ်းပွတ်ပြီးမသုတ်သင့်ပါဘူး။

– အရေပြားယားရင် မကုတ်မိအောင်လက်သည်း တိုတိုညှပ်ထားရပါမယ်။

– နည်းနည်းယားရင်မကုတ်ဘဲ ရေအေး ဒါမှမဟုတ် ရေခဲရေထဲမွေးပွတဘတ်ထည့်ပြီး ယားတဲ့ အရေပြားနေရာကို ညင်ညင်သာသာ ကပ်ပေးပါ၊ ပွတ်ပေးပါ။

– ပူပြင်းတဲ့နေ့တွေမှာ အပြင်မထွက်သင့်ပါဘူး။ ချွေးစိုလေယားလေ ဖြစ်တတ်လို့ပါ။

– ချောင်ချိပွယောင်းတဲ့ ချည်သားအင်္ကျီ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

– အရေပြားကခြောက်သွေ့ရင် ပိုယားတတ်တော့ အထူးသဖြင့် ဆောင်းရာသီမှာ အရေပြားကို အစိုဓာတ်ဖြည့်ခရင်မ်လိမ်းဖို့ လိုပါတယ်။

– သွေးကြောကျယ်စေမယ့် ကော်ဖီ၊ အရက်၊ ဟင်းခတ်အမွှေးအကြိုင်၊ ငရုတ်သီးစပ်စပ်၊ရေနွေး ပူပူကို ရှောင်ရမယ်။

– ချွေးထွက်များပြီး ကိုယ်အပူချိန်တက်စေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တာမျိုး ရှောင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top