Healthy Life Ad
Life Style

စိတ်ဓာတ်ခိုင်မာသန်စွမ်းမှုရှိသူတို့တွင် တွေ့ရှိရသည့် အားသာချက်များ

၊ ကိုမိုး ၊

အကောင်းမြင်တာ၊ ကိုယ့်ဘဝကို ကောင်းကောင်းထိန်းချုပ်နိုင်တာ၊ နောင်တရစရာ အပြုအမူတွေအတွက် စိတ်ဒုက္ခရောက်မနေတာ စတဲ့ အားသာချက်တွေ ပိုင်ဆိုင်တယ်ဆိုရင် ဒါက စိတ်ပိုင်းဆိုင်ရာ ခိုင်မာသန်စွမ်းမှု ရှိလို့ပဲ ဖြစ်ပါတယ်။

(၁) ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်တယ်
ဖြစ်ချင်တဲ့ ခံစားချက်နဲ့ ဖြစ်သင့်တဲ့ အရာတွေကို ညီညီမျှမျှ နားလည်ပြီး အဲဒါတွေကို အသုံးချရင်း ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချသွားတတ်ပါတယ်။ ဒါကစိတ်ဓာတ်ခိုင်မာ သန်စွမ်းသူတွေမှာ တွေ့ရတဲ့ အရည်အချင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

(၂) အချိန်ကို အကျိုးရှိရှိ အသုံးချတတ်တယ်
စိတ်ဓာတ်ခိုင်မာသူတွေက အလုပ်မပြီးတာအတွက် ဆင်ခြေပေးဖို့ စဉ်းစားတတ်သူတွေ မဟုတ်ကြပါဘူး။ အလုပ်ပြီးဖို့အတွက်သာ အချိန်တွေအလဟသ မကုန်အောင် ကြိုးစားတတ်သူတွေပါ။

(၃) ပြောင်းလဲမှုတွေကို လိုက်လျောညီထွေ လုပ်နိုင်စွမ်း ရှိတယ်
ဘဝက အဆက်မပြတ် ပြောင်းလဲနေတာပါ။ တစ်ခါတလေ အခြေအနေအသစ်တွေကို လိုက်လျောညီထွေရှိဖို့ ခက်ခဲတတ်ပါတယ်။ အဲဒီအပြောင်းအလဲတွေကို ရင်ဆိုင်ဖို့ လူအများစုက ကြိုးစားနေရတတ်ပေမယ့် စိတ်ဓာတ်ခိုင်မာသူတွေကတော့ ဒီအပြောင်းအလဲတွေကို ရင်ဆိုင်တတ်သူတွေပါ။

(၄) စွန့်စားရမယ့် ကိစ္စကို ရင်ဆိုင်နိုင်တယ်
လူအများစုက စွန့်စားရမယ့်အရာတွေကို ကြောက်လန့်ပြီး ရှောင်ရှားတတ်ပေမယ့် စိတ်ဓာတ် ခိုင်မာသန်စွမ်းသူတွေက ကြောက်ရွံ့စိတ်မထားဘဲ စွန့်စားတတ်သူတွေပါ။

(၅) ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်တယ်
ကိုယ့်ပင်ကိုစိတ်ထား၊ နှလုံးသားကိုအရင်းခံပြီး ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချမှတ်တတ်သူတွေ ဖြစ်ပါတယ်။

(၆) အမှားကနေ သင်ယူလေ့လာတယ်
စိတ်ဓာတ်ခိုင်မာသူတွေက တခြားသူတွေရဲ့ အမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့ အခြေအ နေဖြစ်လာအောင် မျှော်လင့်ပါတယ်။

(၇) ကိုယ့်စွမ်းဆောင်နိုင်မှုကို သိတယ်
စိတ်ဓာတ်ခိုင်မာသန်စွမ်းသူတွေက ကိုယ့်စွမ်းဆောင်နိုင်စွမ်းနဲ့ ကိုယ့်အားနည်းချက်ကို သိနားလည်သူတွေ ဖြစ်ပြီး ကိုယ့်အစွမ်းအစအတိုင်း အောင်မြင်အောင် ကြိုးစားနိုင်သူတွေလည်း ဖြစ်ပါတယ်။

(၈) တခြားသူတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတယ်
စိတ်ဓာတ် ခိုင်မာသန်စွမ်းမှုရှိသူတွေက တခြားသူတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုပြီး မနာလိုစိတ်ကင်းသူတွေ ဖြစ်ပါတယ်။ တခြားသူတွေရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို တစ်သားတည်း ခံစားနိုင်သူလည်း ဖြစ်ပါတယ်။

(၉) ကိုယ့်အရည်အချင်း တိုးတက်လာအောင် ဂရုစိုက်တယ်
စိတ်ဓာတ်ခိုင်မာသန်စွမ်းသူတွေက အကျိုးအမြတ်တစ်ခုတည်း မကြည့်ဘဲ ကိုယ့်အရည်အချင်းကို တိုးတက်လာအောင် ကြိုးစားကြပါတယ်။

(၁၀) ရိုးသားစွာ နေထိုင်တယ်
စိတ်ဓာတ်ခိုင်မာသန်စွမ်းသူတွေက ရိုးသားပြီး ကြိုးစားကြသူတွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top