Healthy Life Ad
International

နိုင်ဂျီးရီးယား ကိုယ်ချင်းဆက်အမြွှာ ညီအစ်မကို ၁၈ နာရီကြာ ခွဲစိတ်မှုပြီးနောက် အောင်မြင်စွာ ပိုင်းခြားနိုင်ခဲ့

၊ မိုးမင်းထွန်း ၊

နိုင်ဂျီးရီးယား ကိုယ်ချင်းဆက်အမြွှာညီအစ်မကို အမေရိကန်ပြည်ထောင်စု Le Bonheur ကလေးဆေးရုံမှ ဆရာဝန်တွေက သူတို့ရဲ့တစ်နှစ်ပြည့် မွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ပိုင်းခြားပေးနိုင်ခဲ့ပါတယ်။ ခွဲစိတ်မှုက နိုဝင်ဘာ ၇ ရက်မှ စတင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ အဆုံးသတ်ခဲ့ကာ ၁၈ နာရီကြာမြင့်ခဲ့ပါတယ်။

တင်ပါးဆုံရိုးချင်းဆက်ထားတဲ့ အမြွှာညီအစ်မရဲ့ ကိုယ်ချင်းဆက်အခြေအနေမျိုးဟာ ကလေး ၅ သန်း မွေးတိုင်းတစ်ကြိမ်သာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဆရာဝန်တွေက ကလေးတွေရဲ့ အခြေအနေအပေါ်အကောင်းမြင်နေကြပြီး ရေရှည်မှာ အဆင်ပြေမယ်လို့မျှော်လင့်နေကြပါတယ်။ မပိုင်းခြားဘဲထားရင် လမ်းလျှောက်လို့မရ၊ သူတို့ကို အမြဲဂရုစိုက်နေရနဲ့ ရေရှည်မှာပြဿနာကြီးမားနိုင်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

ကလေးတွေက ဇွန်လကတည်းက နိုင်ဂျီးရီးယားကနေ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိလာတာဖြစ်ပြီး ခွဲစိတ်မှုအတွက် အဲဒီကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ ကလေးတွေဟာ နောက်ထပ် ခွဲစိတ်မှုတွေခံယူရဖို့ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့လည်းရှိနေကာ ဘယ်အချိန်အိမ်ပြန်ခွင့်ရမယ်ဆိုတာ မပြောနိုင်သေးကြောင်း ဆရာဝန်တွေက ပြောကြားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top