Healthy Life Ad
Health Tips

ပျက်သွားတဲ့ ကိုယ်ဝန် . . .

မေး. ကိုယ်ဝန် ၄ လခွဲနဲ့ပျက်သွားတယ်။ သားအိမ်ခြစ်တာ စပျစ်ခိုင်လိုမျိုးပါလာတယ်။ ဘယ်လိုဖြစ်နိုင်ပါသလဲဆရာ။
ချစ်ချစ် (FB)

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

ဖြေ. စပျစ်သန္ဓေ Molar Pregnancy ဖြစ်မှာပါ။ သန္ဓေသားဖြစ်လာမယ့်အစား ပုံမှန်မဟုတ်တဲ့ တစ်သျှူးတွေအဖြစ် ပြောင်းလဲကုန်တဲ့အတွက် စပျစ်ခိုင်လိုဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်း အတိအကျမသိနိုင်ပေမယ့် တစ်ခါဖြစ်ဖူးရင် နောက်ထပ်ဖြစ်နိုင်ခြေရှိပါတယ်။ ကလေးထပ်ယူဖို့ရှိရင် သားဖွားမီးယပ်အထူးကုနဲ့ တိုင်ပင်ပြသပြီး ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top