Healthy Life Ad
International

ကျောက်ကြေအောင် တစ်နေ့ဘီယာ ၁၀လုံးသောက်သည့် တရုတ်အမျိုးသား ဆေးရုံတင်လိုက်ရ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ ချုံကျင်းမှာနေထိုင်တဲ့အသက် ၃၈နှစ်အရွယ် တရုတ်အမျိုးသားတစ်ယောက်ဟာ ဗိုက်ထဲကကျောက်တွေကြောင့် နှစ်အတော်ကြာဗိုက်အောင့်ရောဂါခံစားနေရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က ဆေးစစ်ကြည့်ရာမှာ ကျောက်ကပ်ထဲမှာ ကျောက် ၁၀ လုံးကျော်တွေ့ရှိ ခဲ့ပါတယ်။ ခွဲစိတ်ခံရမှာကြောက်တဲ့ အမျိုးသားဟာ သူငယ်ချင်းတစ်ယောက်ရဲ့အကြံပေးချက်အတိုင်း ကျောက်ကြေအောင် တစ်နေ့ဘီယာ ၁၀လုံးသောက်ခဲ့ပါတယ်။ နေ့ပိုင်းမှာ ၃လုံးကနေ ၅ လုံးသောက်ပြီး ညမှာကျန်တာကို သောက်သုံးခဲ့ပါတယ်။ နေ့ဘက်ကားမောင်းစရာရှိရင်တော့ ညဘက်မှာ ၁၀လုံးစလုံး ကုန်အောင်သောက် တယ်လို့ဆိုပါတယ်။ တစ်လကျော်ကြာအောင် သူ့ရဲ့ကုထုံးနဲ့ကုသခဲ့ပေမယ့် ဗိုက်နာတာကပိုဆိုးလာပါတယ်။

နောက်ပိုင်းမှာ မခံမရပ်နိုင်အောင် ဗိုက်နာလာတာကြောင့် ဆေးရုံသွားကာ ခွဲစိတ်ကုသမှုခံယူပြီး ကျောက်တွေကို ဖယ်ထုတ်ခဲ့ရပါတယ်။အကြီးဆုံးကျောက်က ၂ ဒသမ ၅စင်တီမီတာ အရွယ်အစားရှိကြောင်း ဆရာဝန်တွေကပြောပါတယ်။ ဘီယာကြောင့် လူနာရဲ့ရောဂါက ပိုဆိုးခဲ့ကြောင်းနဲ့ ဘီယာမှာပါတဲ့ သလင်းကျောက်ဒြပ်ပေါင်းက ကျောက်တွေကို ပိုမိုကြီးထွားစေကြောင်း ဆရာဝန်တွေက ရှင်းပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top