Healthy Life Ad
Health Tips

လွယ်ကူသက်သာသည့် ဝေဒနာဖြေရှင်းနည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

– စိတ်ဖိစီးမှုလျော့ကျစေသည့် ပင်စိမ်း
ပင်စိမ်းရွက်မှာ စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်တဲ့အစွမ်း သိသိသာသာရှိပါတယ်။ ကျန်းမာတဲ့လူတွေဟာ တစ်နေ့မှာ ပင် စိမ်းရွက် ၁၂ရွက်ကို နှစ်ကြိမ်ခန့် ဝါးစားပေးရင် စိတ်ဖိစီးမှုကို ကာကွယ်ပေးပါတယ်။

– အိပ်မပျော်ခြင်းအတွက် ဇီရာစေ့
အိပ်မပျော်ဘူးလား။ ငှက်ပျောသီးကိုကြိတ်ချေပြီး ဇီရာစေ့မှုန့်အနည်းငယ်ဖြူးကာ ညဘက်မှာစားပေးရင် အိပ်မပျော်တဲ့ဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။

– သန်စွမ်းကျန်းမာလိုလျှင်
လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ သန်စွမ်းမှုအဆင့် တိုးတက်ပြောင်းလဲမှုကိုသိနိုင်ဖို့ အနည်းဆုံး ၁၂-၁၃ ပတ်လောက် လေ့ကျင့်ခန်းလုပ်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချက်ချင်းအကျိုးထူးရချင်လို့တော့ အဆင်မပြေပါဘူး။

– နံနက်စာအတွက် ကာဗိုဟိုက်ဒရိတ်
နံနက်စာစားတဲ့အခါ ကာဗိုဟိုက်ဒရိတ်ဓာတ်ရစေမယ့် ခေါက်ဆွဲ၊ ပေါင်မုန့် ဒါမှမဟုတ် ထမင်းစသဖြင့်စားပါ။ ကာဗိုဟိုက်ဒရိတ်တွေက အဆီတွေထက် ကယ်လိုရီ ထက်ဝက်အောက် လျော့နည်းပေမယ့် ပိုဗိုက်ပြည့်စေပါတယ်။ ဒါကြောင့် တစ်နေ့လုံး အလွန်အကျွံ မစားဖြစ်စေတော့ပါဘူး။

– လေ့ကျင့်ခန်းလုပ်ရင်း ချွေးထွက်များလျှင်
လေ့ကျင့်ခန်းလုပ်ရင်း ချွေးထွက်များရင် ဒါက ကယ်လိုရီလောင်ကျွမ်းနှုန်းများတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ကိုယ်အပူချိန်ကို ထိန်းညှိပေးနေတဲ့ သဘာဝဖြစ်စဉ်ပါ။

– အကြောလျှော့ခြင်းအစွမ်း
လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်ပူနွေးနေတုန်းမှာ အကြောလျှော့ပေးတာ အကောင်းဆုံးပါ။ ဒီနည်းက အဆစ်တွေရဲ့ ပျော့ပျောင်းသန်စွမ်းမှုကို အားကောင်းစေပါတယ်။

– ထမင်းနှင့် လက်ဖက်စိမ်းလက်ဖက်ရည်
ထမင်းစားချိန် ဒါမှမဟုတ် ထမင်းစားပြီး ချက်ချင်း လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) မသောက်ပါနဲ့။ အာဟာရဓာတ်စုပ်ယူမှုကို ဟန့်တားပေးပါတယ်။

– ကိုယ်အလေးချိန် ထိန်းပေးမည့် ကြက်သွန်ဖြူ
မနက်တိုင်း ဗိုက်ထဲအစာမရှိချိန်မှာ ကြက်သွန်ဖြူကို ရေနဲ့အတူ စားပေးပါ။ ကိုလက်စထရောတွေကို လျော့ကျစေပြီး ကိုယ်အလေးချိန် မြင့်တက်မှုမဖြစ်အောင် ထိန်းညှိပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top