Healthy Life Ad
Local

အဆိပ်သင့်ဓာတုပစ္စည်း ပါဝင်သဖြင့် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်း သုံးမျိုး အသိပေးကြေညာ

MEIYONG Seaweed Super Whitening Extra Whitening & Face Lift၊ O-White Extra Set Cream Special Formula (Day Cream+ Night Cream) နှင့် Dr.YANHEE Skin Care Set (Green Color) အလှကုန်ပစ္စည်းသုံးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ် တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအ တွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတု ပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်တော်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

MEIYONG Seaweed Super Whitening Extra Whitening & Face Lift ထုတ်လုပ်သည့် ကုမ္ပဏီကို ထိုင်းဘာသာဖြင့် ဖော်ပြထားပြီး အဆိပ်သင့်ဓာတုပစ္စည်း Hydroquinoneနှင့် Mercury ပါဝင်သည်ဟု တွေ့ရှိရ ကြောင်း၊ O-White Extra Set Cream Special Formula (Day Cream+ Night Cream) ကို OK Cosmetic Limited Parternership.Thailand ကထုတ်လုပ်ပြီး Mercury ပါဝင်သည်ဟု တွေ့ရှိရကြောင်းနှင့် Dr.YANHEE Skin Care Set (Green Color) ထုတ်လုပ်သည့် ကုမ္ပဏီကို Yong Huad Heng Pte.Thailand (Sole Agnet) ကထုတ်လုပ် ထားပြီးMercury ပါဝင်သည်ဟု တွေ့ရှိရကြောင်း သိရသည်။

အဆိပ်သင့်ဓာတုပစ္စည်းများသည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါကြောင်း သိရသည်။
(Ref; FDA Myanmar (FB)23-1-2018)

Most Popular

Healthy Life Ad
To Top