Healthy Life Ad
Life Style

ယွန်းယွန်း၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်း ဖြစ်ပုံလေးပြောပြပါဦ။
ရေချိုးပြီးတဲ့အချိန်၊ မျက်နှာသစ်ပြီးတဲ့အချိန်နဲ့ ရေထိပြီးတဲ့အချိန်တွေဆိုရင် ဒီအတိုင်းမနေဘဲ Moisturizer တစ်မျိုးမျိုးတော့ လိမ်းဖြစ်ပါတယ်။ အဲဒါကတော့ နေ့တိုင်းလုပ်ဖြစ်တဲ့ အရာပါ။

– တစ်နေ့တာအတွင်း ဘယ်လို စားသောက်ဖြစ်သလဲ။
အစားအသောက်ကတော့ အရမ်းမက်ပါတယ်။ သရေစာတွေလည်း အရမ်းစားတယ်။ အဲဒါကြောင့် ကျစ်ကျစ်လစ်လစ်မရှိဘဲ ဝနေတာပါ။ အခုနောက်ပိုင်းတော့ ဆင်ဆင်ခြင်ခြင်လေး စားဖြစ်နေပါတယ်။ ညဘက်ဆိုရင် အတတ်နိုင်ဆုံး ထမင်းတို့၊ ဂျုံတို့ မစားဘဲနဲ့ တခြားပေါ့ပေါ့ပါးပါး အစာတွေပဲ စားဖြစ်ပါတယ်။

– အိမ်မှာချက်တာကိုစားရတာနဲ့ အပြင်စာ ဘာကိုပိုစားဖြစ်သလဲ။
အခုနောက်ပိုင်းမှာ ရှုတင်တွေက နေ့၊ ညထပ်နေတဲ့အခါကျတော့ မေမေက အိမ်မှာမချက်ဖြစ်တာများတယ်။ ရှုတင်မှာ စားဖြစ်တယ်၊ ညဘက်ဆိုရင်အပြင်မှာ စားဖြစ်တာများတယ်။

– အလှအပနဲ့ ကျန်းမာရေးအတွက် ဘာတွေလုပ်ဖြစ်နေပါသလဲ။
လမ်းလျှောက်ပါတယ်။ ဒါပေမဲ့ အရမ်းအကြာကြီးတော့ မဟုတ်ပါဘူး။ ၁၀ တန်းပြီးတော့ သင်တန်းတွေလည်း ဆက်တက်ပါတယ်။ ရှုတင်တွေလည်း လက်ခံထားတော့ ရေရှည်မှာ ပုံမှန်စွဲမလုပ်ဖြစ်ဘူး။ ဒါပေမဲ့တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်တော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖြစ်အောင် ကြိုးစားပါတယ်။ တချို့ ရက်တွေမှာ ကားနဲ့ပဲအမြဲသွားဖြစ်နေတယ်၊ အထိုင်များတယ်ဆိုရင် အိမ်မှာပဲ ၁၅မိနစ်လောက်လမ်းလျှောက် ဖြစ်ပါတယ်။

– စိတ်ဖိစီးမှုတွေ များလာရင် ဘယ်လိုဖြေဖျောက် ဖြစ်ပါသလဲ။
စိတ်ဖိစီးမှုများတာပဲဖြစ်ဖြစ်၊ စိတ်မကောင်းတာပဲဖြစ်ဖြစ်၊ စိတ်ထိခိုက်နေတာပဲဖြစ်ဖြစ် အိပ်ပစ်လိုက်ပါတယ်။ အိပ်ရာနိုးလာရင် အခြေအနေက မတူတော့ဘူးလေ။ အဲဒီတော့ စိတ်ဖိစီးမှုက နည်းနည်းတော့ လျော့သွားပါတယ်။

– ကိုယ်ရဲ့အိပ်ချိန်တွေကို ဘယ်အရာတွေက ခိုးယူနေတယ်လို့ထင်လဲ။
ဖေ့စ်ဘွတ်ခ်တော့ သုံးဖြစ်ပါတယ်။ အချိန်ပေးရတာနဲ့ တန်အောင်တော့ ပြန်ယူပါတယ်။ Youtube သုံးရင်တော့ ဗဟုသုတတစ်ခုခုရအောင် သုံးပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးဖြစ်ရင်လည်း သူများတွေတင်ထားတဲ့ Post တွေကြည့်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားကို လေ့လာဖြစ်ပါတယ်။ အချိန်တွေ အလဟသကုန်သွားတယ်လို့တော့ မရှိပါဘူး။

– မိဘဆွေမျိုးတွေကို ယွန်းယွန်းက ကျန်းမာရေးလိုက်စားဖို့ သတိပေးရတာမျိုးကောရှိလား။
အိမ်မှာက ဖေဖေနဲ့ မေမေရယ်၊ ယွန်းရယ်ပဲရှိတာလေ။ မိဘတွေကလည်း ကျန်းမာရေးလိုက်စားတယ်ဆိုတော့ ယွန်းကထူးထူးခြားခြား ပြောပေးစရာမလိုပါဘူး။

– ယွန်းလိုက်နာဖြစ်နေတဲ့ ကျန်းမာရေးနည်းလမ်းကောင်း လေးတွေရှိရင်လည်း ပြောပြပေးပါဦး။
အခုခေတ်က အချိန်တိုအတွင်းမှာ ကျန်းမာရေး အကြံဉာဏ်တွေကို အင်တာနက်မှာ ရှာလို့ရနေပါပြီ။ ယွန်းကတော့ သိပ်မပြောတတ်ပါဘူး။ အဓိကကတော့ ယွန်းက ရေကိုပဲ ဆေးဝါးတစ်လက်လို မှီဝဲဖြစ်တယ်။ အိပ်ရာကနိုးတာနဲ့ ရေသောက်ဖြစ်တယ်၊ သတိရရင်ရသလို ရေသောက်ဖြစ်နေပါတယ်။

– လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။
MRTV-4 က ရိုက်တဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲလေးရိုက်နေပါတယ်။ ကာရိုက်တာကတော့ အပြင်က အသက်အရွယ်အတိုင်း ၁၆နှစ်-၁၇ နှစ်အရွယ်အတိုင်းပဲ သရုပ်ဆောင်ထားပါတယ်။ သည်းထိတ်ရင်ဖို ဇာတ်ကားလေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top