Healthy Life Ad
International

စာဖတ်သူများ အသက်ပိုရှည်ကြောင်းတွေ့ရ

၊ မိုးမင်းထွန်း ၊

တချို့က တော်လ်စတွိုင်းရဲ့ဂန္ထဝင်ဝတ္ထုရှည်တွေကို နှစ်သက်ကြသလို တချို့က ဟယ်ရီပေါ်တာလို ဝတ္ထုတွေဖတ်ရတာ သဘောကျကြပါတယ်။ ဘယ်လို အကြိုက်ကွဲပြားသည်ဖြစ်စေ စာဖတ်သူတွေက အသက်ပိုရှည်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ယေးလ်တက္ကသိုလ်မှ သုတေသီတွေက အသက် ၅၀ နဲ့ အထက်လူကြီး ၃၆၃၅ ယောက်ကို လေ့လာခဲ့ကြပါတယ်။ ပါဝင်သူတွေက စာဖတ်တာနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ သူတို့ကို လုံးဝစာမဖတ်သူတွေ၊ တစ်ပတ် ၃ နာရီခွဲ ဝန်းကျင်စာဖတ်သူတွေနဲ့ အပတ်စဉ်၃နာရီခွဲထက် ပိုစာဖတ်သူတွေဆိုပြီး ခွဲခြားလိုက်ပါတယ်။

ပညာတတ်ဘွဲ့ရ၊ ဝင်ငွေကောင်းတဲ့အမျိုးသမီးတွေက စာဖတ်အများဆုံးဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ၁၂ နှစ်ကြာ လေ့လာမှုအရ တစ်ပတ် ၃ နာရီခွဲထက် ပိုစာဖတ်သူတွေက လုံးဝမဖတ်သူတွေထက် အသက် သေဆုံးမှုနှုန်း ၂၃ ရာခိုင်နှုန်းလျော့နည်းတာကို တွေ့ရပါတယ်။ တစ်ရက်နာရီဝက်လောက် စာဖတ်သူတွေကတောင် လုံးဝမဖတ်သူတွေထက် ပျမ်းမျှအသက် ၂ နှစ်ပိုအသက်ရှည်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ချမ်းသာတာ၊ ပညာတတ်တာ၊ သိလွယ်တတ်လွယ်စိတ်မြင့်တာနဲ့ တခြားအချက်တွေ ဘေးဖယ်လိုက်ရင်တောင် အသက်ရှည်တဲ့ကောင်းကျိုးက ရှိနေပါသေးတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးထဲမှာ အသက်ရှည်စေတာလည်းပါဝင်ကြောင်း လေ့လာမှုက ပြဆိုနေပါတယ်လို့ ဦးဆောင်သုတေသီပါမောက္ခ ဘက်ကာလီဗိုင်းက ပြောပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top