Healthy Life Ad
Humour

အမြင်မှန်ရဖို့ လိုနေတာ . .

အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ရဲစခန်းသို့ရောက်လာသည်။

“ဒီလူကြီး ကျွန်မနောက်ကို တကောက်ကောက်လိုက်ပြီး “မင်းက အရမ်းလှတာပဲ၊ အရမ်းချောတာပဲ”ဆိုပြီး လိုက်နှောက်ယှက်နေတာ နှစ်ရက်-သုံးရက်ရှိနေပါပြီ… စိတ်ရှုပ်လွန်းလို့ သူ့ခေါင်းကို တုတ်နဲ့သာ ရိုက်လိုက်ချင်တော့တာပဲ၊ တစ်ခုခုတော့ စီစဉ်ပေးပါ ရဲအရာရှိကြီးရယ်…”

“ဟုတ်ပါပြီခင်ဗျာ . . ဒီကိစ္စရှင်းသွားအောင် ကျွန်တော်ဆောင်ရွက်ပေးလိုက်ပါမယ် . . .”

ရဲအရာရှိက ရဲတစ်ယောက်ကို ခေါ်ပြီးမှာလိုက်သည်။
“ကဲ . . ဒီလူကို ဆေးရုံခေါ်သွားပြီး မျက်စိစစ်ပေးလိုက် . . . မျက်စိကောင်းတယ်ဆိုရင်တော့ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်နဲ့ သေချာပြပေးလိုက်ကြားလား”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top