Healthy Life Ad
International

အသည်းတစ်ခြမ်းပေးထားသည့် အမျိုးသမီးနှင့် လက်ထပ်လိုက်သော အမျိုးသား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်မှ အသက် ၃၈နှစ်အရွယ် ခရစ်စတိုဖာဒမ့်ဆေးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ ဆွေမျိုးတစ်ယောက်ဟာ အသည်းအစားထိုးဖို့လိုအပ်နေတယ်လို့ ကြားခဲ့ပါတယ်။ သူကိုယ်တိုင် ဒါမှမဟုတ် မိသားစုထဲမှတစ်ယောက်ယောက်သာ ဒီလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရင် လှူဒါန်းမယ့်အလှူရှင်ကို တောင့်တမိမှာပဲလို့ ကိုယ်ချင်းစာမိပြီး သူရဲ့အသည်းတစ်ခြမ်းကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အဆင့်-၄ အသည်းရောဂါရှိတဲ့ ဟီသာဟာ နောက်ထပ်နှစ်လအသက်ရှင်ဖို့ ၅၀ရာခိုင်နှုန်းသာ အခွင့်အရေးရှိတော့တာပါ။ စမ်းသပ်စစ်ဆေးပြီးနောက် ခရစ်စတိုဖာရဲ့ အသည်းဟာ အသက် ၂၇နှစ်အရွယ် ဟီသာနဲ့ကိုက်ညီတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ခွဲစိတ်အစားထိုးမှုက အောင်မြင်ခဲ့ကာ နှစ်ဦးစလုံး ကျန်းကျန်းမာမာရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အသည်းတစ်ခြမ်းစီ ခွဲဝေယူထားကြတဲ့ ကာယကံရှင်နှစ်ဦးဟာ အလုပ်သဘောထက်ပိုပြီး သံယောဇဉ်ရှိလာခဲ့ကြကာ မကြာခဏတွေ့ဆုံဖြစ်ရုံသာမက နောက်ပိုင်းမှာချစ်သူတွေ ဖြစ်လာခဲ့ကြပါတယ်။

ခွဲစိတ်မှုအပြီး ကိုးလအကြာမှာ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြပြီး အခုအခါ အိမ်ထောင်သက် နှစ်နှစ်နီးပါးရှိနေကြပြီဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top