Healthy Life Ad
Q & A

ခဏခဏ အရိုးကျိုးလွယ်နေတယ် . . .

မေး။ ။ အမေ့အသက်က ၅၅ နှစ်ပါ။ အသက် ၅၀ ကျော် ကတည်းကနေ့တိုင်းအိမ်မှုကိစ္စလုပ်ရင်း ကျိုးလောက် တဲ့အရှိန်မရှိဘဲ ဒီအတိုင်းခြေချော်ကျတာလိုမျိုး ကိစ္စ သေးသေးလေးတွေဖြစ်တာတောင် အရိုးကခဏခဏ ကျိုးနေပါတယ်။ အဲဒီလိုနည်းနည်းလေးမတော်တဆ ဖြစ်တိုင်းကျိုးတာ အရိုးပါးတယ်လို့ ကြားဖူးပါတယ်။ တကယ်လို့ အဲဒီရောဂါဖြစ်နေရင် ကျန်းမာအောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ၊ ဆောင်ရန်၊ ရှောင် ရန်များ၊ မှီဝဲသင့်တဲ့ ဆေးဝါးတွေအကြောင်း သိချင်ပါတယ်ဆရာ။
ထက်နိုင်၊ ထောက်ကြန့်မြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွှန့် ဖြေကြားသည်။

ဖြေ။ ။ အသက်ကြီးလာတဲ့ အမျိုးသမီးတွေမှာ အရိုးပွ အရိုးပါးဖြစ်လွယ်ပြီး အခန့်မသင့်ရင်ကျိုးနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမှန်မှန်လုပ်တာ ဥပမာ လမ်းလျှောက်တာ၊ အရိုးပါစားနိုင်တဲ့ငါးလေးတွေ စားတာ၊ နို့သောက်ပေးတာ၊ အစိမ်းရင့်ရောင်အသီး အရွက်များများစားပေးတာတွေ လုပ်သင့်ပါတယ်။ ကယ်လ်စီယမ်ပါတဲ့ အားဖြည့်ဆေးတွေ သောက်နိုင်ပါတယ်။ အရိုးဘယ်လောက်ပွနေလဲဆိုတာကို သိဖို့ ကတော့ သေသေချာချာ စစ်ဆေးကြည့်ဖို့လိုပါတယ်။ စစ်ဆေးပြီးမှ လိုအပ်တဲ့ ကုထုံးတွေနဲ့ ဆက်လက် ကုသနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top