Healthy Life Ad
Child

ကလေးတွေ ဂိမ်းကစားတာများရင် . . .

မေး. အခုခေတ်ကလေးတွေက ဂိမ်းတွေ ကစားတာများပါတယ်။ အဲဒါကို မိဘတွေအနေနဲ့ ဘယ်လို ထိန်းကျောင်းပေးသင့်ပါသလဲ။
မနီလာ၊ မန္တလေး။

ဒေါက်တာကျော်စွာဦး ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်မှ ဖြေကြားပေးပါသည်။

ဖြေ. အခုခေတ်စကားနဲ့ ပြောရရင် ဒစ်ဂျစ်တယ်ခေတ်မှာ မွေးလာတဲ့ ကလေးတွေက ဒစ်ဂျစ်တယ်ကို အလိုလိုသိနေတဲ့ သဘောမှာ ရှိနေပါတယ်။ ကလေးကို နည်းနည်းလောက် ပြလိုက်ရုံနဲ့ သူ့ဘာသာ အသုံးပြုတတ်၊ ဆော့တတ်နေပါတယ်။ တချို့ဆိုရင် အသက် တစ်နှစ်-နှစ်နှစ်ကတည်းက စပြီးတော့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုနေကြပါတယ်။ ဖုန်းတင်မက လက်ပ်တော့၊ iPad စသဖြင့် အသုံးပြုနေကြပါတယ်။ ဒါကိုလည်း တားဆီးလို့တော့ မရပါဘူး။ ဒါပေမဲ့ ကိုယ့်ကလေးကို အချိန်လေးနဲ့ စနစ်တကျ စည်းကမ်းရှိရှိ အသုံးပြုဖို့တော့ သင်ပေးသင့်ပါတယ်။

မိဘတွေကိုယ်တိုင်ကလည်း ကလေးနေရင် ပြီးရောဆိုပြီး လွှတ်ထားတာမျိုး မလုပ်သင့်ပါဘူး။ တချို့မိဘတွေကျတော့ ကိုယ့်ကလေးက ဒါကို သုံးနိုင်တာ ဂုဏ်ယူနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဂိမ်းကို ဘယ်နှနာရီကစား၊ စာကျက်ချိန်ကျက်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်၊ အိပ်ချိန်မှာ မှန်မှန်အိပ် စသဖြင့် ငယ်ငယ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ အလွန်အကျွံ ဖြစ်လာတော့မှ ထိန်းရပြီဆိုရင် မိဘကော ကလေးတွေအတွက်ပါ မကောင်းပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top