Healthy Life Ad
International

အထက်တန်းကျောင်း၏ သတိပေးစာသားက မိဘများကိုငြင်းခုန်မှုဖြစ်စေ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ အာကန်ဆောမှ အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းသတိပေးစာသားကို ပြန်လည်ဖော်ပြတဲ့ ဖေစ့်ဘွတ်ခ်ပို့စ်တစ်ခုက နိုင်ငံအနှံ့ကျော်ကြားသွားခဲ့ပါတယ်။ ကျောင်းအုပ်ကတော့ ဒါက ဟာသမဟုတ်ပါဘူးလို့ ပြောကြားလိုက်ပါတယ်။

ကက်သလစ်ယောကျာ်းလေး အထက်တန်းကျောင်းရဲ့သတိပေးစာသားမှာ ‘မိဘတွေအနေနဲ့ မိမိရဲ့သား မေ့ကျန်ခဲ့တဲ့ ထမင်းဘူး၊ စာအုပ်၊ အိမ်စာ၊ စာရေးကိရိယာတွေ ကျောင်းသို့လာရောက်ပေးအပ်တယ်ဆိုရင် လှည့်ပြန်သွားကြဖို့နဲ့ ဒီလိုကူညီခြင်းဖြင့် ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို ဖွံ့ဖြိုးစေနိုင်မှာဖြစ်ကြောင်း’ ရေးသားထားတာပါ။

ကျောင်းအုပ် စတိဗ်စထရေစယ်က သတိပေးချက်က ရှေးကတည်းကရှိခဲ့တဲ့ မူဝါဒပါလို့ ပြောပါတယ်။ ကျောင်းတံခါးမှာ ကပ်ထားတဲ့ သတိပေးစာသားက အသစ်အဆန်းမဟုတ်ပါဘူး။ ရက်စက်တာ မဟုတ်ပါဘူး။ ကလေးတွေရဲ့ပြဿနာ ဖြေရှင်းနိုင်စွမ်းကို ဖွံ့ဖြိုးစေဖို့ပါလို့ရှင်းပြပါတယ်။ ဘယ်မိဘကမှ စောဒကမတက်ကြောင်းလည်း သူကပြောပြပါတယ်။

ဒီစာသားကို ဓာတ်ပုံရိုက်ပြီး သြဂုတ် ၁၀ရက်နေ့က ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တဲ့အခါ လူ ၁၁၅၀ဝ၀ ကျော် ရှဲလ်သွားတဲ့အခါ ကျောင်းအုပ်ချုပ်သူတွေကိုယ်တိုင် အံ့အားသင့်သွားခဲ့ပါတယ်။ မှတ်ချက်ပေးမှုပေါင်းများစွာရှိခဲ့ပြီး တချို့က ထောက်ခံခဲ့ကာ တချို့ကတော့ ဝေဖန်ခဲ့ကြပါတယ်။ သင်ခန်းစာ တစ်ခုရရှိဖို့အတွက် အငတ်ခံခိုင်းတာက ပြင်းထန်လွန်းကြောင်း ဝေဖန်သူတွေက ပြောပါတယ်။ ထောက်ခံသူတွေကတော့ အထက်တန်းကျောင်းအရွယ်ကတည်းက ကိုယ်ပိုင်ပစ္စည်းတွေ စနစ်တကျထားတတ်ဖို့လိုကြောင်းနဲ့ ဒီလိုစည်းကမ်းထားရှိခြင်းကြောင့် တာဝန်ယူတတ်တဲ့ မျိုးဆက်သစ်တွေ ထွက်ပေါ်လာမှာဖြစ်ကြောင်း ထောက်ခံပြောဆိုကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top