ငွေကြယ်စင်ယံ
တရုတ်ပြည်က ကလေးတွေဟာ သူတို့ဘေးကင်းစေဖို့ တစ်ဦးနဲ့တစ်ဦး ခြားနေစေမယ့် ဦးထုပ်ဒီဇိုင်းတွေနဲ့ ကျောင်းတက်လာကြပါတယ်။ ဒီဦးထုပ်တွေကို “တစ်မီတာဦးထုပ်”လို့ခေါ်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့ ခြားတဲ့အနေနဲ့ လပေါင်းများစွာကတည်းက လုပ်ထားတာပါ။ တရုတ်ပြည်အရှေ့ပိုင်း Hangzhou ရှိ ရန်ဇန်းကျောင်းက ကျောင်းသားတွေက ဧပြီလ ၂၆ ရက်နေ့မှာ ကျောင်းစတက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတိုင်း နှာခေါင်းစည်းဝတ်ဆင်ရပြီး ၃ ပေအရှည်ရှိ ပေတံရှည်ပါတဲ့ “social distancing hat” နဲ့ ကျောင်းတက်ကြတာ ဖြစ်ပါတယ်။
အများစုက ကတ်ထူသားအတံရှည်ပါတဲ့ ဦးထုပ်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကတော့ တိရစ္ဆာန်ရုပ်ပုံလေးတွေနဲ့ အလှဆင်ထားပါတယ်။ ကျောင်းနေအရွယ်ကလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားစေပြီး တစ်ဦးနဲ့တစ်ဦးထိတွေ့ဖို့ ခွင့်မပြုထားသလို ဦးထုပ်တွေကို မကျိုးပဲ့မထိခိုက်စေဘူးလို့ သိရပါတယ်။ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ရပြီး ပုံမှန်ကိုယ်အပူချိန် စစ်ဆေးမှုကိုလည်း ပြုလုပ်ရမယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
(Ref;TheSun 27-4-2020)
