Healthy Life Ad
International

ဦးနှောက်ကင်ဆာဝေဒနာရှင်က အရေးပေါ်ခန်းက ထွက်ပြီး သူ၏ ပထမဆုံးကလေး မွေးဖွားခြင်းကို ကြည့်ရှု

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုမှ အသက် ၂၆နှစ်အရွယ် ကက်ဂနေဝန့်ဟာ သူရဲ့သားဦး လေးမွေးဖွားလာမယ့်အချိန်ကို မျှော်လင့်နေပါတယ်။ ဇနီးရဲ့မွေးဖွားရက်မတိုင်ခင် ၃ ပတ်အလိုမှာပဲ ကြေကွဲစရာသ တင်းဆိုးက ရောက်ရှိလာပါတယ်။ သူ့မှာ glioblastoma ခေါ်တဲ့ အဆင့် ၄ရှိ ပြင်းထန်ဦး နှောက်ကင်ဆာရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

ကလေးမွေးဖွားမယ့်နေ့မှာ ကက်ဂနေက ဦးနှောက်ခွဲစိတ်မှုပြုလုပ်ပြီးခါစ အရေးပေါ်ခန်းမှာပဲရှိ နေခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ စာနာတတ်တဲ့ ဆရာဝန်တွေက ဆေးကိရိယာပစ္စည်းအစုံနဲ့ မွေးခန်းထဲသို့ သူ့ကိုရွှေ့ပေးခဲ့ကြပါတယ်။ စက်တင်ဘာ ၁၈၊ မနက် ၂ နာရီမှာ မွေးဖွားတဲ့သားဦးလေးကိုတွေ့ ခွင့်ရခဲ့ပြီး သူက ကလေးရဲ့ အချင်းကိုတောင် ဖြတ်ပေးခဲ့ပါသေးတယ်။

မွေးခါစကလေး ခုတင်နဲ့ သူ့ခုတင်ကိုကပ် ပေးခဲ့ကြပြီး သားဦးက လေးကို ရှင်းရှင်းလင်း လင်းမြင်ခွင့်ရခဲ့ပါတယ်။ ကလေးကိုပွေ့ချီပြီး ပြုံးပျော်နေတဲ့ကက်ဂနေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းတွေနဲ့ ဆရာဝန်တွေရဲ့ နွေးထွေးကြင်နာမှုကို ကျေးဇူးတင်ကြောင်းနဲ့ ကင်ဆာကိုမေ့သွားပြီး အရမ်းပျော်ရွှင်နေကြောင်း ကက်ဂနေက ပြောပြပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top