Healthy Life Ad
Q & A

ခေါင်းကိုက်တာ တစ်နှစ်ကြာ . . .

Q. ခေါင်းကိုက်တာတစ်နှစ်လောက်ရှိပါပြီ။ ဦးနှောက်ကင်ဆာဖြစ်နေပြီလားစိတ်ပူလို့ပါ။ ဖြေပေးပါဦးနော်။

Nilar (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ခေါင်းကိုက်တာက တစ်နှစ်လောက်ရှိပြီဆိုတော့ ဦးနှောက်ကင်ဆာတော့ မဖြစ်နိုင်ပါဘူး။ ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ (Migraine) များဖြစ်နေမလား ဆိုတာကို အရင်ဆုံးဆန်းစစ်သင့်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်တယ်ဆိုရင် တစ်ခါကိုက်ရင် နှစ်ရက်-သုံးရက်လောက်အထိ ကြာတတ်ပါတယ်။ ခေါင်းကိုက်တဲ့အခါ ပျို့အန်တာ၊ ပျို့ချင်အန်ချင်သလိုဖြစ်တာတွေပါ တွဲဖြစ်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာက အိပ်ရေးပျက်ရင်လည်း ဖြစ်တတ်တယ်။ စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်တယ်။ ကော်ဖီတွေ အများကြီးသောက်ရင်လည်း ဖြစ်တတ်တယ်။ နေပူဒဏ်ခံရရင်လည်း ဖြစ်တတ်တယ်။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုရင် ကင်ဆာတော့ မဖြစ်နိုင်ပါဘူး။ ကင်ဆာဆိုရင် တစ်ခေါင်းလုံးကိုက်တတ်ပါတယ်။ ဒါဆိုရင်တော့ ကုသမှုခံယူရပါလိမ့်မယ်။ သမားတော်ကြီးနဲ့ပြလို့ရသလို့ ဦးနှောက်နဲ့အာရုံကြောအထူးကု ဆရာဝန်တစ်ဦးဦးနဲ့လည်း ပြလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top