Healthy Life Ad
Life Style

ဖြူဖြူကျော်သိန်း၏ ကျန်းမာလှပလူမှုဘဝ

– မဖြူရဲ့ တစ်နေ့တာ အသားအရေထိန်းသိမ်းတဲ့ပုံစံလေး ပြောပြပေးပါဦး။
အဓိကကတော့ အသားအရေ ထိန်းသိမ်းမှုအနေနဲ့ Skin Care ပဲ သုံးပါတယ်။ တခြားအနေနဲ့ အသီးအရွက်တွေလည်းစားတယ်။ အသီးအနှံဖျော်ရည်တွေလည်း သောက်ပါတယ်။

– ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် ဘယ်လိုမျိုးစားသောက်နေထိုင်ဖြစ်ပါသလဲ။
အစားအသောက်ကို တတ်နိုင်သလောက် မျှတအောင်စားပါတယ်။ ခက်တော့ခက်တယ်။ ကာဗိုဟိုက်ဒရိတ်ရယ်၊ ပရိုတင်းရယ်၊ အရွက်ရယ်၊ ဗီတာမင်တွေ ပြည့်ဝအောင်စားဖို့ဆိုတာတော့ နည်းနည်းတော့ လက်ဝင်တယ်။ ရေများများသောက်တယ်။

– အိမ်မှာချက်တာကိုပဲ အဓိက စားဖြစ်တာလား၊ အပြင်စာရော စားဖြစ်လား။
ဒါကတော့ မမှန်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူတို့က အမြဲတမ်းခရီးသွားနေရတာ။ အပြင်မှာ ရှင်သန်ရတဲ့သူဆိုတော့ ကြုံရင်ကြုံသလို စားရတာပေါ့။ အိမ်မှာကတော့ မေမေချက်တာများတယ်။ အိမ်မှာ မရှိတဲ့အချိန်ကတော့ ကြုံသလိုစားရတာ များပါတယ်။ စားသောက်ဆိုင်မှာပဲ စားရတာများပါတယ်။

– ခန္ဓာကိုယ်အတွက် ဘယ်လိုမျိုးလှပ ကျန်းမာအောင် ထိန်းသိမ်းဖြစ်သလဲ။
ဖြူဖြူကခန္ဓာကိုယ်အလှအပ အတွက်ရယ်လို့တော့မဟုတ်ပါ ဘူး။ ခါးမကောင်းတော့လေ ခါးနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းကိုတော့ တစ်နေ့ မှာ မိနစ် ၂၀-နာရီဝက်လောက်တော့ ပုံမှန်လုပ်ဖြစ်တယ်။ အခုနောက်ပိုင်းတောက်လျှောက် နေ့တိုင်းလုပ်ဖြစ်နေတာပေါ့။

– မိသားစုတွေကိုရော ဘယ်လိုမျိုး ကျန်းမာရေးအသိပေးစကားတွေ ပြောပြဖြစ်လဲ။
အိမ်မှာက ကိုယ်ကဆရာဝန်ဆိုပေမယ့် အဖေက အဲ့ဒါမျိုးတွေကို ပိုပြီးစိတ်ဝင်စားတယ်။ အဖေက ထွက်သမျှ ကျန်းမာရေးဂျာနယ်တွေဖတ်တယ်။ စာအုပ်တွေဖတ်တယ်။ တစ်ခုခုသိလာပြီဆိုရင် အမြဲတမ်းပြန်ပြောပြပြီး အသိပညာပေးမျှဝေတာ။ ကိုယ်ကတောင် သူ့နောက်လိုက်နေရတာ။ အိမ်မှာကတော့ ကျန်းမာရေးအကြောင်းတွေ အမြဲဆွေးနွေးဖြစ်ပါတယ်။

– မိသားစုမှာ မျိုးရိုးလိုက်ဖြစ်တတ်တဲ့ ရောဂါမျိုးရှိသလား။
အဲ့ဒီလိုထွေထွေထူးထူးကြီး မရှိပါဘူး။

– ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးစစ်တာမျိုးရော ပုံမှန်လုပ်ဖြစ်သလား။
ကျန်းမာရေးစစ်ဆေးမှုက ပုံမှန်တော့မလုပ်ဖြစ်ပါဘူး။ ဒီနှစ်က စပြီး ပုံမှန်လေးလုပ်မယ်လို့ ကိုယ့်ကိုယ် ကိုယ်တော့ဆုံးဖြတ်ထားတယ်။ ကျန်းမာရေး စစ်ဆေးတယ်ဆိုတာကတော့ လုပ်သင့်တဲ့အရာပါ။ ပရိသတ်တွေလည်း ဖြစ်နိုင်ရင် ကျန်းမာရေးစစ်ဆေးမှုကို တတ်နိုင်သလောက်လုပ်သင့်ပါတယ်။

– ပရိသတ်အတွက် ကျန်းမာရေး စကားလက်ဆောင်လေး ပြောပေးပါဦး။
အားလုံးပဲကျန်းမာပါစေ၊ အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ကျန်းမာရေးဆိုတာက ဖြစ်ပြီးသွားတဲ့အချိန်ကျမှ ဝမ်းနည်းပက်လက်ဖြစ်ကြတာ၊ ကောင်းနေတဲ့ အချိန်ကျတော့ ထိန်းသိမ်းဖို့ သတိမထားကြဘူး။ ကျန်းမာဖို့ကိုတော့ အဓိကဂရုစိုက်နေကြပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top