Healthy Life Ad
Life Style

အဖွဲ့လိုက် အလုပ်လုပ်ရာတွင် အကောင်းဆုံး စွမ်းဆောင်နိုင်စွမ်း ရှိစေရန်

ကိုမိုး

တချို့လူတွေက သီးသန့်အလုပ်လုပ်ရတာကို သဘောကျပေမယ့် တခြားသူတွေက အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတာကို ပိုသဘောကျပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့လိုက်လုပ်ဆောင်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက တစ်ဦးအပေါ်တစ်ဦးစိတ်ရှည်မှု၊ နားလည်မှုနဲ့ လေးစားမှုတွေရှိဖို့လိုပါတယ်။ အလုပ်အောင်မြင်ဖို့အတွက် အသင်းသားကောင်း တစ်ဦးအနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိရပါမယ်။

တစ်ကိုယ်ကောင်း မဆန်သင့်
အသင်းအဖွဲ့နဲ့လုပ်ဆောင်ရာမှာ အခွင့်အရေးရတိုင်း “ ဒါက ငါအတော်ဆုံးဆိုတာကို ပြနိုင်မယ့် အခွင့်အရေးပဲ” လို့ မတွေးပါနဲ့။
“ ငါတို့အားလုံး စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆို တာပြနိုင်မယ့် အခွင့်အရေးကောင်းပဲ” လို့ ပြောပြီး တခြားသူတွေကိုပါ လုပ်ချင်စိတ်ပြင်းပြလာအောင် လှုံ့ဆော်ရပါမယ်။

လူတိုင်း၏ အကြံဉာဏ်ကို အသုံးချပါ
“ ငါပြောတဲ့ နည်းလမ်းအတိုင်းပဲလုပ်ပါ၊ ဒါဘယ်လိုလုပ်ရမယ်ဆိုတာ ငါပဲသေချာသိတာ” ဆိုတဲ့စကားအစား “ဒါကိုအတူစဉ်းစားပြီး လုပ်ရအောင်၊ မင်းတို့မှာ ဘယ်လိုစိတ်ကူးတွေရှိသလဲ” ဆိုပြီးပြော ဆိုလုပ်ကိုင်ပါ။

အပြစ်မရှာသင့်
လွဲမှားမှုတစ်ခုခု ကြုံတဲ့အခါ “ ဒီလိုမှားရတာ မင်းကြောင့်” ဆိုပြီး အပြစ်တင်မယ့်အစား “ ဒါက ငါတို့အားလုံးရဲ့ အမှားပဲ၊ ဒီအမှားမျိုး နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ” လို့သာ ပြောပါ။

အကူအညီတောင်းရန် မကြောက်သင့်
“ အကူအညီတောင်းလိုက်ရင် ငါ့ကို ဘာမှမတတ်ဘူးလို့များ ထင်သွားမလား” ဆိုပြီး စိုးရိမ်နေ မယ့်အစား “ မင်း ဒါကိုလုပ်တတ်လား၊ ငါမလုပ် တတ်လို့ကူညီပါဦး” ဆိုပြီး အကူအညီတောင်းလိုက်ပါ။ ပိုပြီး ရင်းနှီးမှုရလာပါလိမ့်မယ်။

စိတ်ညစ်ညူးနေသူကို အားပေးသင့်
အလုပ်ထဲမှာ စိတ်ညစ်နေတဲ့သူတစ်စုံတစ် ယောက်ရှိခဲ့ရင် “ အရင်ဆုံးစိတ်ကို တည်ငြိမ်အောင်ထား၊ ပြီးမှ ဘာပြဿနာလဲဆိုတာ ငါ့ကိုပြောပြ” ဆိုပြီး အားပေးလိုက်ပါ။

အခြားသူများကို ချီးကျူးရန် မမေ့သင့်
တိုးတက်အောင်မြင်မှုတစ်ခုခု ရရှိတဲ့အခါ ချီးကျူးစကားမဆိုဘဲ နှုတ်ဆိတ်မနေပါနဲ့။ “ ဒီနေ့ ငါတို့တွေအများကြီး အောင်မြင်ခဲ့ပြီ” လို့ အားလုံးကို ပြောလိုက်ပါ။

သဘောမတူညီမှုကို ခွင့်ပြုသင့်
တစ်ခုခု အချေအတင်ဖြစ်လာရင် “ မင်းမှား နေတာ”ဆိုတဲ့ စကားမျိုး ပြောမယ့်အစား “ ဒီနေ့ တော့ ငါတို့ အားလုံး ပင်ပန်းနေပြီကွာ၊ မနက်ဖြန်ကျ ရင်ဒါကိုပြန်စဉ်းစားကြည့်ရအောင်” ဆိုပြီး ပြောပါ။

တာဝန်ကိုယ်စီ ယူပါ
အလုပ်ထဲမှာ ဘယ်သူက ဘာလုပ်ရမှန်း မသိတဲ့ အဖြစ်မျိုးမဖြစ်စေဘဲ “ ဒါက မင်းလုပ်ရမယ့် တာဝန်၊ ဒါက သူ့တာဝန်” ဆိုပြီးချမှတ်ကာ “ ငါတို့ အားလုံးတာဝန်ရှိသူတွေပဲ၊ အောင်မြင်မှုကလည်း ငါတို့အားလုံးနဲ့ဆိုင်တယ်” ဆိုတဲ့အသိစိတ်ရှိပါစေ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top