Healthy Life Ad
International

ခြေထောက်နှစ်ဖက်၊ လက်ရှစ်ချောင်း ဆုံးရှုံးသွားသည့် ရဲအရာရှိဟောင်း ကလေးအဖေဖြစ်တော့မည်

၊ မိုးမင်းထွန်း ၊

မြောက်အိုင်ယာလန်မှ ရဲအရာရှိဟောင်း အသက် ၅၄ နှစ်အရွယ် ဒင်းစမက်ဟွန်က သွေးဆိပ်တက်တာကြောင့် အသက်ရှင်ဖို့ အခွင့်အရေး ၁၀ ရာခိုင်နှုန်းသာရှိတော့တာပါ။ ကံကောင်းထောက်မစွာ အသက်မသေခဲ့ပေမယ့် ခြေနှစ်ဖက်၊ လက် ချောင်း ရှစ်ချောင်းနဲ့ နှာခေါင်းအစိတ်အပိုင်းတွေ ဆုံးရှုံးသွားခဲ့ပါတယ်။

အခုအခါမှာတော့ ဒင်းနဲ့ အသက် ၃၆နှစ် အရွယ် ဇနီးကာ့စတီးတို့က လာမယ့်ဖေဖော်ဝါရီလမှာ ကလေး ရရှိတော့မယ်လို့သိရပါတယ်။ ဒင်းက ၂၀၁၀ အောက် တိုဘာက နေမကောင်းဖြစ်ကာ ဆေးရုံ တက်ခဲ့ရပါတယ်။ တင်ပါးနာကျင်တာ၊ ဖျားနာတာ၊ တစ်ကိုယ် လုံးတုန်တုန်ရီရီဖြစ်ကာ သွေးဆိပ်တက်ခဲ့ပါတယ်။ နောက် ၂ နှစ်အတွင်း ခွဲစိတ်မှုအကြိမ် ၃၀ လုပ်ခဲ့ရပါ တယ်။ တင်ပါးအစားထိုးတာ၊ နှာခေါင်းအစိတ်အပိုင်း တချို့ ပြုပြင်ရတာ၊ ညာဘက်နား ဖယ်ရှားရတာတွေ ပြုလုပ်ခဲ့ရပြီး စိတ်ဓာတ်အကြီးအကျယ်ကျဆင်းခဲ့ရ ပါတယ်။

နောက်ပိုင်းမှာ အဆင်ပြေအောင် နေထိုင်နိုင် ခဲ့ပြီး ခြေထောက်အတုတွေ တပ်ဆင်ကာ လမ်းလျှောက် နိုင်ခဲ့ပါတယ်။ ချစ်သူကာ့စတီးနဲ့လက်ထပ်ခဲ့ပြီး လူမှု ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လုပ်အား ပေးနေပါတယ်။ ခရစ်ယာန်ဘာသာရေးဘွဲ့ ယူတော့ မယ့်ဒင်းက စေတနာ့ဝန်ထမ်းဘုန်းကြီးတစ်ပါး ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ဘဝမှာ ဒီလိုအဆင်ပြေလာမယ်လို့တောင် မထင်ကြောင်းနဲ့ဇနီးဖြစ်သူရဲ့ ဖေးမမှုက အဓိကတွန်းအားဖြစ်စေကြောင်း ဒင်းကရှင်းပြပါတယ်။ ယူကေနိုင်ငံမှာ နှစ်စဉ်သွေးဆိပ်တက်လူနာ ၁ သိန်းခွဲကျော်ရှိနေပြီး လူနာ ၄၄၀ဝ၀နီးပါး အသက် ဆုံးရှုံးမှုဖြစ်ပေါ်နေကြောင်းလည်း သိရပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top