Healthy Life Ad
Health Tips

သွားနှင့်ခံတွင်း ပိုးဝင်နေသည့် လက္ခဏာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင်ရဲ့ခံတွင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ အသုံးဝင်ဆုံး အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုပဲဖြစ်ပါတယ်။ အသက်ရှူတာ၊ စကားပြောတာ၊ အစာစားတာ၊ ပြုံးတာ၊ နှုတ်ခမ်းစူတာ၊ သီချင်းဆိုတာ၊ ရယ်မောတာတွေအားလုံးကို ခံတွင်းနဲ့ လုပ်ဆောင်နေလို့ပါ။ ခံတွင်းသန့်ရှင်းကျန်းမာနေရင် အသက်ကြီးလာပေမယ့် ပါးပြင်တွေ ပြည့်တင်းနေပြီး ငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိစေပါတယ်။ သွား၊ သွားဖုံးနဲ့ လျှာတွေ ကျန်းမာနေစေဖို့ ကာကွယ်တဲ့အနေနဲ့ သွားတိုက်တာ၊ သွားကြားထိုးကြိုးသုံးတာနဲ့ အစားအသောက်ကို ဆင်ခြင်စားသောက်တာတွေကို လုပ်ဆောင်ရပါမယ်။ တကယ်လို့ သွား၊ သွားဖုံးနဲ့လျှာတွေမှာ ပိုးဝင်နေပြီဆိုရင် သွားဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ခံတွင်းပိုးဝင်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ခံတွင်းအနာဖြစ်ပြီး သွေးထွက်နေရင် ဒါမှမဟုတ် အနာက ချက်ချင်းမကျက်ရင်

– သွားတိုက်တဲ့အချိန်မှာ၊ သွားကြားထိုးကြိုး သုံးတဲ့အချိန်မှာ သွေးထွက်ရင်

– သွားဖုံးကနေ သွေးအဆက်မပြတ်ထွက်နေရင်

– ပါးစောင်အရေပြား အရောင်ပြောင်းရင်

– သွားဖုံးနဲ့ပါးစောင်မှာ အဖြူရောင်အစက်တွေ၊ အကွက်တွေပေါ်ရင်

– ပါးစပ်၊ မေးနဲ့ နှုတ်ခမ်းတွေ နာကျင်နေရင်၊ တောင့်တင်းနေရင်

– ပါးစပ်နဲ့ နှုတ်ခမ်းတွေ ထုံနေရင်

– စကားပြောရခက်နေရင်၊ အစာစားရတာ၊ မျိုရတာ၊ ပါးစပ်ဟရတာနဲ့ လျှာကို လှုပ်ရှားရတာခက်နေရင်

– သွားဖုံးတွေက နီမြန်းရောင်ရမ်းကာ တင်းမာနေရင်

– သွားဖုံးတစ်ဝိုက်မှာ ပြည်တွေတည်နေရင်

– သွားနဲ့နေရင်

– အံကပ်က မမြဲတော့ရင်

ဒီလိုလက္ခဏာတွေဖြစ်နေရင် သွားနဲ့ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံးပြသင့်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top