Healthy Life Ad
Health Tips

တုပ်ကွေးရောဂါ ကာကွယ်ပါ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့နဲ့ တခြားသူဆီ တုပ်ကွေးရောဂါ ကူးစက်မှုမဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) နီးနီးကပ်ကပ် ထိတွေ့မှုကိုရှောင်ပါ

နာမကျန်းဖြစ်နေသူနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုမလုပ်ပါနဲ့။ တုပ်ကွေး၊ အအေးမိဝေဒနာဖြစ်ပြီး နေမကောင်းဖြစ်တဲ့အခါ တခြားသူတွေနဲ့ ဝေးဝေးမှာနေပေးပါ။

(၂) နာမကျန်းဖြစ်နေချိန် အိမ်မှာနားနေပါ

ဖြစ်နိုင်ရင် အလုပ်မသွားဘဲ ဒါမှမဟုတ် ကျောင်းမတက်ဘဲ၊ အိမ်အလုပ်တွေလည်း မလုပ်ဘဲ အိမ်မှာပဲနားနေပါ။ အနားယူတာက မြန်မြန်သက်သာစေတဲ့ နည်းဖြစ်ပါတယ်။

(၃) နှာချေချောင်းဆိုးသည့်အခါ ပါးစပ်နှင့်နှာခေါင်းကို ဖုံးအုပ်ပါ

နှာချေတဲ့အခါနဲ့ ချောင်းဆိုးတဲ့အခါတွေမှာ ပါးစပ်နဲ့နှာခေါင်းကို တစ်ရှူးနဲ့ ဖုံးအုပ်ပေးပါ။ ဒါက သင့်အနားမှာရှိတဲ့သူတွေ နာမကျန်းမဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။

(၄) လက်ဆေးပါ

သင့်လက်တွေကို မကြာခဏ ဆေးကြောသန့်စင်ပေးတာက ရောဂါပိုးမွှားတွေမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၅) မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်ကို မထိတွေ့သင့်

ကိုယ်တိုင် တုပ်ကွေးဖျားနေလို့ပဲဖြစ်ဖြစ်၊ အနီးအနားက သူတစ်ဦးဦး တုပ်ကွေးဖျားနေရင်ပဲဖြစ်ဖြစ် လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို မပွတ်သပ်ပါနဲ့။ သင့်လက်မှာရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်လို့ပါ။

(၆) ကျန်းမာရေးအလေ့အကျင့်ကောင်းများ မွေးမြူပါ

အိပ်ရေးဝ၀ အိပ်စက်အနားယူပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ၊ ရေနဲ့ သစ်သီးဖျော်ရည် များများသောက်ပါ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top