Healthy Life Ad
International

၂၀ စင်တီမီတာ အရှည်ရှိ အမြီးပေါက်နေသည့် အိန္ဒိယဆယ်ကျော်သက်

၊ မိုးမင်းထွန်း ၊

အိန္ဒိယမှ ဆယ်ကျော်သက်တစ်ယောက်ဟာ အသက် ၁၄ နှစ်ပြည့်ပြီးမကြာခင်မှာ နောက်ကျောမှာ အမြီးထွက်လာခဲ့ပါတယ်။ မိဘတွေက အခြေအနေကို လျစ်လျူရှုထားခဲ့ရာ နောက်ထပ်၄နှစ် အကြာမှာ အမြီးက ၂၀ စင်တီမီတာအထိ ရှည်လာပါတယ်။

ရှေးရိုးစွဲမိဘတွေက လူသိမှာကြောက်ပေမယ့် သူတို့သားရဲ့အမြီးကိုဖြတ်ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့နာမည်ကို လျှို့ဝှက်ထားခိုင်းခဲ့ပါတယ်။ အမြီးရှည်လာတဲ့အခါ အဝတ်အစားဝတ်တိုင်း အမြီးကို မပြီး ဝတ်နေရကြောင်းနဲ့ သူတို့သားရဲ့အဖြစ်ကို မြင်နေရတာ စိတ်မချမ်းသာတာကြောင့် ဆရာဝန်နဲ့ပြဖို့ ဆုံးဖြတ်ခဲ့တာလို့ မိဘတွေကပြောပါတယ်။

အိန္ဒိယအစိုးရ ဆေးရုံတစ်ရုံမှ အာရုံကြောဆရာဝန်တွေက လူငယ်လေးရဲ့အမြီးကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပြီး မှတ်တမ်းတွေအရ လူတွေမှာပေါက်တဲ့ အရှည်ဆုံးအမြီးဖြစ်ကြောင်း သိရပါတယ်။ အာရုံကြောပြွန် ပုံစံမမှန်တာကြောင့် ဝမ်းဗိုက်ထဲမှာ အမြီးစပေါက်လာပြီး အသက်ကြီးလာတဲ့အခါ အပြင်ထွက်လာတာဖြစ်ကြောင်း ဆရာဝန်တွေက ပြောပြပါတယ်။ ပုံမှန်အားဖြင့် စသိသိချင်းမှာ ကုသနိုင်ပေမယ့် မိဘတွေရဲ့ အယူသည်းမှုနဲ့ ပတ်ဝန်းကျင်သိမှာ ကြောက်တာကြောင့် အချိန်ကြာခဲ့ရတာလို့ဆိုပါတယ်။ ခွဲစိတ်မှုက လွယ်ကူခဲ့ကာ ရက်အနည်းငယ် စောင့်ကြည့်ဖို့လိုပြီး သီတင်းနှစ်ပတ်ခန့် ဆေးဝါးသောက်သုံးဖို့လိုမယ်လို့ ဆရာဝန်တွေက ရှင်းပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top