Healthy Life Ad
Health Tips

မြီးညောင်ရိုးနာကျင်ကိုက်ခဲနေလျှင်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါနဲ့ လဲလျောင်းတဲ့အခါတွေမှာ မြီးညောင်ရိုး နာကျင်ကိုက်ခဲနေပါသလား။ မြီးညောင်ရိုးကိုက်ခဲနာကျင်တာက ရက်သတ္တပတ် အနည်းငယ်အတွင်း ဒါမှမဟုတ် လပိုင်းအတွင်း အလိုလိုသက်သာပျောက်ကင်းသွားနိုင်ပါတယ်။

မတော်တဆ ထိခိုက်ဒဏ်ရာရတာ၊ ချော်လဲတာ၊ ကျဉ်းကျဉ်းကျပ်ကျပ်ထဲမှာ အကြာကြီးထိုင်ရတာ၊ ကိုယ်ဝန်ဆောင်တာစတဲ့အကြောင်းတွေကြောင့် မြီးညောင်ရိုးနာကျင်ကိုက်ခဲမှု ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ ကွန်ပျူတာရှေ့ကြာကြာထိုင်တဲ့အခါ ပိုနာကျင်ကိုက်ခဲမှု ဖြစ်တတ်သလို ခရီးသွားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အိမ်ထောင်ဖက်နဲ့ အတူနေတာတွေကြောင့်လည်း ဝေဒနာပိုတိုးနိုင်ပါတယ်။ တချို့ ကတော့ အကိုက်အခဲပျောက်ဆေးသောက်လေ့ရှိပေမယ့် ဆေးမသောက်ချင်သူတွေအတွက် သဘာဝကုထုံးကို အကြံပြုပေးလိုက်ပါတယ်။

သဘာဝဆေး(၁) အပူကုထုံး သို့မဟုတ် အအေးကုထုံး
လူအများစုက မြီးညောင်ရိုးကိုက်ခဲတဲ့နေရာပေါ်မှာ ရေနွေးဝတ်ကပ်တာ ဒါမှမဟုတ် ရေခဲကပ်တာကိုမိနစ်အနည်းငယ် လုပ်ပေးရုံနဲ့ သက်သာတတ်ပါတယ်။ တကယ်တော့ အပူကုထုံးနဲ့အအေးကုထုံးကို တစ်လှည့်စီသုံးပေးလို့လည်းရပါတယ်။

သဘာဝဆေး(၂) နနွင်းမှုန့်
နနွင်းမှုန့်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် မြီးညောင်ရိုးရောင်ရမ်းတဲ့ဝေဒနာကို သက်သာစေပါတယ်။ ရေနွေးအကြမ်းပန်းကန်လုံး တစ်ခွက်ထဲ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းခပ် ပြီးသောက်ပါ။ ဒါမှမဟုတ် နွားနို့တစ်ဖန်ခွက်ထဲ နနွင်းမှုန့်လက်ဖက်စားဇွန်းတစ်ဇွန်းခပ်သောက်ပါ။

သဘာဝဆေး(၃) ဆားခါး (Epsom Salt)
ချိုးရေ ခပ်နွေးနွေးထဲမှာဆားခါး အကြမ်းပန်းကန်လုံး တစ်ခွက်ထည့်ပြီး မိနစ်အနည်းငယ်ကြာ ရေစိမ်ချိုးပါ။ ဒီနည်းက အဆစ်နဲ့ကြွက်သားတောင့် တင်းကိုက်ခဲတဲ့ ဝေဒနာကိုသက်သာစေပါတယ်။

သဘာဝဆေး(၄) လက်ဖက်ဆီ
အုန်းဆီ လက်ဖက်စားဇွန်း တစ်ဇွန်းထဲ လက်ဖက်ဆီတစ်စက်ထည့်ပါ။ ပြီးရင် နာကျင်နေတဲ့ မြီးညောင်ရိုးနေရာမှာ လိမ်းပြီးနှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်ကြာ နှိပ်ပေးရုံနဲ့ ဝေဒနာသက်သာစေပါတယ်။

သဘာဝဆေး(၅) ရောင်ရမ်းမှုကျစေသည့် အစာများ
စားနေကျအစာထဲ အဆီများတဲ့ ငါး၊ အခွံမာသီးနဲ့အစေ့အဆန်တွေလို ရောင်ရမ်းမှုကျစေတဲ့ အစာတွေထည့်စားပေးပါ။

သဘာဝဆေး(၆) ကျောမှီ
ကွန်ပျူတာအသုံးများရင်ခါးနဲ့ မြီးညောင်ရိုးနေရာမှာ ကျောမှီလေးထားပေးပါ။ ဝေဒနာသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top