Healthy Life Ad
International

ရေခဲရိုက်အစားအစာများနှင့်ပတ်သက်သည့် အယူအဆ အမှားများကြောင့် လေလွင့်ဆုံးရှုံးမှုများပြားနေ

၊ မိုးမင်းထွန်း ၊

ရေခဲရိုက်အစားအစာတွေ ဘယ်လောက်ကြာကြာခံသလဲဆိုတာ မခွဲခြားတတ်တာကြောင့် ဗြိတိန်နိုင်ငံရဲ့အစားအစာ လေလွင့်ဆုံးရှုံးမှုနှုန်း မြင့်မားနေတယ်လို့ သိရပါတယ်။

လူထု ၄၃ ရာခိုင်နှုန်းက ဝယ်တဲ့နေ့မှာပဲ အစားအစာကို ရေခဲသေတ္တာထဲ အအေးခံလို့ရနိုင်တယ်လို့ ယုံကြည်ကြပြီး ၃၈ ရာခိုင်နှုန်းက ချက်ပြီးသား အသားကို ပြန်အအေးခံမယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ၃၆ ရာခိုင်နှုန်းကတော့ ရေခဲသေတ္တာထဲထည့်တာကြောင့် အစားအစာတွေ ပျက်စီးသွားနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ “ဒါတွေက အယူအဆမှား တွေပါ”လို့ အစားအသောက်ထိန်းချုပ်ရေးအေဂျင်စီ(The Food Standards Agency FSA)က ထုတ်ပြန်ပါတယ်။

“ဗြိတိန်မှာ အစားအသောက် တန် ၇ သန်းဟာ နှစ်စဉ်လွှင့်ပစ်ခံနေရပြီး အဲဒီအထဲက တစ်ဝက်ကျော်ဟာ စားလို့ရနိုင်ပါသေးတယ်။ ရေခဲရိုက်အစာ တွေနဲ့ပတ်သက်ပြီး လူတွေရဲ့ထင်မြင်ချက်တွေဟာ မှားယွင်းနေတယ်”လို့ FSA မူဝါဒရေးရာဒါရိုက်တာ စတိဗ်ဝါပြောပါတယ်။ အစားအသောက် တစ်ခုရဲ့သက်တမ်း မလွန်မချင်းအအေးခံလို့ရတယ်လို့ သူက ပြောပါတယ်။အစားအစာကို ရေခဲသေတ္တာထဲထည့်တာက သီချင်းတစ်ပုဒ်ကို ရောက်တဲ့ နေရာမှာ ရပ်ခိုင်းလိုက်သလိုပဲလို့ ဆိုပါတယ်။

“အအေးခံတာက အစားအစာမှာပါတဲ့ ဘက်တီးရီးယားကို မဖျက်ဆီး နိုင်ပေမယ့် ပွားများမှုကို တန့်စေပါတယ်။ ဒါက အအေးခံခြင်းရဲ့ ကောင်းကျိုးပါပဲ။ ရေခဲသေတ္တာကထုတ်ပြီး ပုံမှန်အပူချိန်ရောက်တဲ့အခါ အစားအစာမှာ ဘက်တီးရီးယားပွားများမှု ပြန်လည်ဖြစ်ပေါ်ပါတယ်။ ဘက်တီးရီးယားတွေ အန္တရာယ်ရှိတဲ့ပမာဏ ရောက်တဲ့အချိန်မှာ အစာအဆိပ်သင့်မှု ဖြစ်ပေါ်နိုင် တာကြောင့် အစားအသောက်တွေကို ရေခဲသေတ္တာထဲကနေ ခဏခဏ အထုတ်အသွင်း မလုပ်ပါနဲ့”လို့ FSA က သတိပေးထားပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top