Healthy Life Ad
Humour

အဖြေက ရှင်းပါတယ် . . .

အရေပြားအထူးကုဆရာကြီးထံသို့ ကလေးမလေးတစ်ယောက် ဝက်ခြံတွေ အရမ်းထွက်နေတဲ့အတွက် လာရောက်ပြသလေသည်။ ဆရာဝန်ကြီးက ကြည့်ရှုပြီးနောက် –
“ဘာမှ စိတ်မညစ်နေနဲ့တော့ သမီးရေ. . . ဆရာရဲ့ အမြင်အရတော့ သမီး နောက်ထပ်ဝက်ခြံထပ် မထွက်နိုင်တော့ဘူး . . . အခု ထွက်ပြီးသားတွေကို ဖြေးဖြေးချင်းသက်သာအောင် ကုဖို့ပဲလိုတယ်”
“တကယ်လားဆရာ . . . ပျော်လိုက်တာ . . . ဘာဖြစ်လို့ထက်ပြီး မထွက်နိုင်တော့တာလဲဟင်”
“ဘာလို့လဲဆိုတော့ . . . သမီးမျက်နှာမှာ ဝက်ခြံထပ်ထွက်စရာနေရာမကျန်တော့ဘူးလေ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top