Healthy Life Ad
Child

လူတော်လူကောင်းလေးတွေ မွေးထုတ်နိုင်ဖို့ . . .

သားသမီးတွေကိုပြုစုပျိုးထောင်ရာမှာ လွဲမှား တတ်တဲ့ အရာလေးတွေကို မျှဝေလိုက်ပါတယ်။

– သင့်ကလေးက အလွန်အမင်းရှက်တတ်ပြီး ဆုံးဖြတ်ချက် မချမှတ်နိုင်ရင်
သင်ကသူ့အတွက် အကုန်လုပ်ဆောင်ပေး နေလို့ပါ။ အခုကစပြီး သူ့ဘာသာသူ လုပ်ဆောင် တတ်အောင်သင်ပေးပါ။

– သင့်ကလေးက ရိုင်းစိုင်းရင်
သင့်ကလေးက ရိုင်းစိုင်းတယ်ဆိုရင် လူကြီး မိဘတွေဆင်ခြင်ဖို့ လိုနေပါပြီ။ ကလေးတွေက မိဘ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို နမူနာယူ တတ်လို့ပါ။

– သင်က အရုပ်ဝယ်ပေးပေမယ့် သူကတခြား ကလေးရဲ့ အရုပ်တွေကို လုယူတတ်ရင်
သင်က သူ့ကို မှန်ကန်တဲ့ ရွေးချယ်ခွင့်မပေးထားတဲ့အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

– သင့်ကလေးက မကြာခဏ မနာလိုတတ်ရင်
သင့်ကလေးက တစ်ပါးသူအပေါ် မနာလိုတာ နဲ့ မုဒိတာမပွားနိုင်တာတွေ မကြာခဏဖြစ်နေပြီဆိုရင် သင်က သူ့ကို တခြားကလေးတွေနဲ့ယှဉ်ပြီး ပြစ်တင်ပြောဆိုတတ်လို့ပါ။

– သင့်ကလေးက ဒေါသထွက်ပြီး စိတ်ဆိုးနေရင်
ကလေးကဒေါသထွက်ပြီး စိတ်ဆိုးနေတယ် ဆိုတာ အာရုံစိုက်မခံရလို့ပါ။ တခြားသူတွေ သူ့ကို သတိပြုမိလာအောင် သူမလုပ်တတ်တဲ့အတွက် ဒေါသထွက်ပြနေတာ ဖြစ်ပါတယ်။

– သင့်ကလေးက လိမ်ညာတတ်နေရင်
အရင်က သူ့အမှားကို အပြင်းအထန် ဆူပူ ရိုက်နှက်ခဲ့တာကြောင့် ကလေးက လိမ်ညာတတ်တာပါ။

– သင့်ကလေးက တခြားသူကို မလေးစားတတ်ရင်
ကလေးရဲ့စိတ်ခံစားချက်ကို အသိအမှတ်ပြု မပေးရင် ကလေးကလည်း တခြားသူတွေကို မလေးစားတတ်တော့ပါဘူး။

– သင့်ကလေးက အခက်အခဲကြုံတိုင်း ပြန်ထဖို့ မကြိုးစားရင်
ဒါက တခြားကလေးတွေရှေ့မှာ သူ့ကိုအသုံး မကျတဲ့ စကားမျိုးပြောထားလို့ပါ။ သူ့မောင်နှမတွေ ရှေ့မှာတောင် ကလေးကို အဲဒီလို စကားတွေ မပြောပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top