Healthy Life Ad
International

၄၂ပေါင်အလေးချိန်အထိ ဖောင်းကြွလာသည့်ခြေထောက် ပိုးဝင်ခြင်းကြောင့် သေဆုံးသွားသည့် ပင်စင်စားလူနာ

မိုးမင်းထွန်း
ဆင်လူသားအဖြစ်တင်စားခံရတဲ့ ဗြိတိန်နိုင်ငံမှ ပင်စင်စားတစ်ယောက်ဟာ သူရဲ့ရောင်နေတဲ့ ခြေထောက်က သွေးထွက်ပြာနှမ်းလာခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကားတိုက်မှုတစ်ခုအပြီးမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရောဂါကြောင့် မိုက်ကယ်ကားလ်ရဲ့ ခြေထောက်ဟာ ၄၂ပေါင် အလေးချိန်အ ထိ ဖောင်းကြွလာခဲ့ပါတယ်။

သွေးဖြူဆဲလ်တွေပါဝင်တဲ့ ကိုယ်တွင်းထွက် အရည်ကြည်စနစ်က ပိတ်ဆို့သွားပြီး ပုံမှန်မစီးဆင်းနိုင်တော့ဘဲ ခြေထောက်မှာသွားစုတာကြောင့် ခြေထောက်ရောင်တာလို့ ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ သူရဲ့အခြေအနေက ပိုဆိုးလာတာကြောင့် ဆင်ခြေထောက်ရောဂါပိုးရှိနေသလားဆိုတာ ဆရာဝန်တွေက စစ်ဆေးခဲ့သေးပေမယ့် မတွေ့ရှိခဲ့ပါဘူး။ ကားအတိုက်မခံရခင်ကတည်းက သူရဲ့ခန္ဓာကိုယ်ထဲမှာ ငုပ်နေတဲ့ရောဂါလို့ ကောက်ချက်ဆွဲနိုင်ခဲ့ပါတယ်။

ရောဂါကြောင့် ပုံမှန်နာကျင်မှုခံစားခဲ့ရာကာ ရေချိုးတာ၊လှေကားတက်တာလို နိစ္စဓူဝအလုပ်တွေမှာတောင် ခက်ခဲလာခဲ့ပါတယ်။ သူက ခြေထောက် ကုသပေးဖို့ ဆရာဝန်တွေကို တောင်းဆိုခဲ့ပေမယ့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခံခဲ့ရတယ်လို့ သူရဲ့ အချစ်ဆုံး သူငယ်ချင်းဘရွတ်ခ်က ပြောပါတယ်။လွန်ခဲ့တဲ့ ၆ပတ်က အားလပ်ရက်ခရီးသွားနေစဉ်အတွင်း ခြေထောက်က သွေးအလွန်အကျွံ ထွက်လာတာကြောင့် အရေးပေါ်ဆေးရုံတက်ခဲ့ရပြီး သေဆုံးသွားတာဖြစ်ပါတယ်။

ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက လူနာရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှာ မဟုတ်ကြောင်းနဲ့ ကုသမှုနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ ကားလ်ရဲ့မိသားစု၊မိတ်ဆွေတွေရှိခဲ့ရင် သူတို့နဲ့ တိုက်ရိုက်ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောကြားပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top