Healthy Life Ad
Health Tips

ကသိကအောက်ဖြစ်စရာ ဝေဒနာတို့အတွက် အလွယ် အိမ်တွင်းကုထုံးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကြီးကြီးကျယ်ကျယ် ဝေဒနာမဟုတ်ပေမယ့် ဖြစ်လာရင် စိတ်ကသိကအောက်ဖြစ်ရတဲ့ ဝေဒနာလေး တွေရှိပါတယ်။ အဲဒီလို ဝေဒနာလေးတွေ သက်သာစေဖို့ အိမ်မှာ အသုံးပြုနိုင်တဲ့ ကုထုံးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ကြို့ထိုးခြင်း
အသက်အောင့်ထားတာကကြို့ထိုးတဲ့ ဝေဒနာအတွက် ဖြေရှင်းနည်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းမထိရောက်ပါဘူး။ သကြား လက်ဖက်စားဇွန်းတစ်ဇွန်းလောက် ငုံလိုက်ပါ။ ဒါဆိုရင် ရင်ဝမ်းတားကြွက်သားတွေကို ကျုံ့ဆန့်ဖြစ်စေတဲ့ နာ့ဗ်ကြောကို အနားရစေပြီး ကြို့ထိုးတာ သက်သာစေပါတယ်။

(၂) ကြွက်နို့ပေါက်ခြင်း
တိပ်ကို ကြွက်နို့ထက် အနည်းငယ် ပိုကြီးတဲ့ အရွယ်အစားဖြတ်ပြီး ကြွက်နို့နေရာမှာ ကပ်ပေးပါ။ သုံးရက်ကြာတိုင်း တစ်ခါ တိပ်ကိုဖယ်ပေးကာ ဆဲလ်သေတွေကို ကြေးတွန်းကျောက်လေးနဲ့ ညင်ညင်သာသာ ချွတ်ပေးပါ။ ကြွက်နို့ပျောက်တဲ့အထိ လုပ်နိုင်ပါတယ်။

(၃) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်းရဲ့ လေးပုံတစ်ပုံနဲ့ ရေတစ်ဖန်ခွက်တို့ ရောမွှေပြီး သောက်ပေးရင် ဆီးအိတ်ထဲမှာ ဘက်တီးရီးယားပေါက်ပွားမှု မဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။ ဒါက ယာယီသက်သာစေတဲ့ နည်းဖြစ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာ တကယ်သက်သာစေဖို့ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ပေးရပါမယ်။

(၄) ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တဲ့ ဝေဒနာအတွက် ဥနီ (beet)က အကောင်းဆုံး အိမ်တွင်း ကုထုံး ဖြစ်ပါတယ်။ (ဥနီကို Citymart ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်) ဥနီနှစ်လုံးကို ရေနွေးနဲ့ပြုတ်ပြီး ဝမ်းချုပ်တဲ့အခါ စားပေးပါ။ ပြုတ်ရေထဲမှာ ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့အတွက် သောက်ပေးလိုက်ပါ၊ အူမကြီးကို သန့်စင်စေပါတယ်။ ဥနီစားတဲ့အတွက် ဆီးနဲ့ ဝမ်းအရောင် နီတတ်ပါတယ်။ စိတ်ပူစရာမလိုပါဘူး။

(၅) ခံတွင်းအနံ့ဆိုး ထွက်ခြင်း
သံပရာရည်ကို အာလုတ်ကျင်းပေးရင် ခံတွင်း အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ဒိန်ချဉ်စားပေးရင်လည်းကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို များစေပြီး မကောင်းတဲ့ ဘက်တီးရီးယားကို တွန်းလှန်ပေးနိုင်ပါတယ်။

(၆) ခြေဆီထွက်ခြင်း၊ ခြေထောက်အနံ့နံခြင်း
ရှလကာရည်တစ်ဆ၊ ရေနှစ်ဆရောမွှေပြီး ညတိုင်းခြေထောက်ကို စိမ်ပေးပါ။ ဒါဆိုရင် ခြေထောက် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။

(Ref; SN)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top