Healthy Life Ad
Life Style

အသည်းအဆီဖုံးရောဂါ ကာကွယ်ပါ

၊ မီမိုး ၊ ( ဆေးဝါးသက္ကသိုလ် )

အဝလွန်တာနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေစားတာကြောင့် အသည်းအဆီဖုံးရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို တွန်းလှန်နိုင်ပြီး အသည်းထိခိုက်မှု ကင်းစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) ခန္ဓာကိုယ်အဆီကို လျှော့ချပါ

အဝလွန်တာနဲ့ ဝမ်းဗိုက်အဆီများတာတွေ ကြောင့်အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ရင်း ကိုယ် အလေးချိန်ထိန်းပေးပါ။ ဒါဆိုရင် အသည်းအဆီဖုံးတာကို ကာကွယ်ပေးနိုင်ပါတယ်။ မကောင်းတဲ့အဆီကို နည်းနည်းပဲစားပြီး ကယ်လိုရီရယူမှုကို လျှော့ချပါ။

(၂) အသည်းအဆီဖုံးခြင်း လျော့ကျစေရန် လေ့ကျင့်ခန်းလုပ်ပါ

အဆီနဲ့ကယ်လိုရီအပိုတွေ လောင်ကျွမ်းစေဖို့နဲ့ ဗိုက်အဆီလျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ်ပေးရင် အသည်းအဆီဖုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသည်းအဆီဖုံးရောဂါဖြစ် စဉ်ကို လျော့ကျစေပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်တာနဲ့ ထိုင်ထလေ့ကျင့်ခန်း လုပ်တာကြောင့် ဝမ်းဗိုက်အဆီကို လျော့ကျစေပါတယ်။

(၃) စားသောက်မှုအလေ့အထကို ပြောင်းလဲပါ

အဆီများတဲ့ အစားအသောက်တွေကိုစားရင် အသည်းအဆီဖုံးနိုင်ခြေများပါတယ်။ ဒါကြောင့် သင်စားတဲ့ အစားအသောက်တွေမှာ အဆီများတဲ့အစားအသောက်တွေ မပါအောင် ရှောင်ပြီး အဆီနည်းတဲ့အစာတွေကို ရွေးစားပါ။

(၄) အရက်ရှောင်ပါ

အယ်လ်ကိုဟောကို များများမှီဝဲတာကြောင့် အသည်းကိုထိခိုက်စေသလို အသည်းအဆီဖုံး တာကိုပိုဆိုးစေပါတယ်။ အယ်လ်ကိုဟောပါဝင်တဲ့အရက် ရှောင်လိုက်တာက အသည်းအဆီ ဖုံးတာကိုသက်သာစေသလို နောက်ဆက်တွဲအနေနဲ့ အသည်းထိခိုက်မှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top