Healthy Life Ad
Health Tips

ကြည်လင်စိုပြေတောက်ပသော အသားအရေပိုင်ဆိုင်စေမည့် အလေ့အကျင့်ကောင်း ၂၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကြည်လင်တောက်ပတဲ့ အသားအရေဆိုတာ နုပျိုလှပလိုသူတိုင်းရဲ့ မျှော်လင့်ချက်ပါ။ ဒါကြောင့် ပြစ်မျိုးမှဲ့မထင် လှပစိုပြည်တဲ့ အသားအရေပိုင်ဆိုင်စေဖို့ အလေ့အကျင့်ကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) သင့်တစ်ကိုယ်လုံးကို ပုံမှန်ကြေးချွတ်ပေးပါ။ သကြားကိုသုံးပြီး ရေမြှုပ် ဒါမှမဟုတ် သပွတ်အူနဲ့ ရေချိုးတုန်း ကြေးချွတ်ပေးရမှာပါ။ အသားအရေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားနိုင်အောင် စက်ဝိုင်း ပုံစံလှည့်လည်နှိပ်ပေးရမှာဖြစ်ပါတယ်။

(၂) နေ့တိုင်း အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် လိုးရှင်းလိမ်းပြီး အသားအရေကို အစိုဓာတ် ထိန်းပေးပါ။

(၃) မျက်နှာပေါ်က ဆားဝက်ခြံတွေကိုဖယ်ရှားဖို့ ဂျယ်လတင်မျက်နှာပေါင်းတင်ဆေး (Gelatin Face Mask) ကို ၁၅ ရက်မှာတစ်ခါ သုံးပေးပါ။

(၄) အိပ်ရာမဝင်ခင်မျက်နှာကို မျက်နှာသစ်ဆေးနဲ့တိုက်ပြီး ကြက်သီးနွေးရေနဲ့ ဆေးကြောပေးပါ။ ဒါမှ သာ အရေပြားမွေးညင်းပေါက်ထဲက အညစ်အကြေး၊ အဆီနဲ့ဘက်တီးရီးယားတွေ ကင်းစင်မှာ ဖြစ်ပါ တယ်။

(၅) နေကာခရင်မ်ကို လိမ်းပါ။ ခရမ်းလွန်ရောင်ခြည်က အရေးကြောင်းထင်တာ၊ သက်ကြီးအစက်အ ပြောက်ထင်တာနဲ့ အရေပြားကင်ဆာတို့ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

(၆) ရေများများသောက်ပါ။ ရေသောက်တာကြောင့် အရေပြားရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး ဖြစ်စေပါတယ်။ ရေဓာတ်ခမ်းခြောက်နေရင် အသားအရေရဲ့ ဆွဲဆန့်နိုင်စွမ်းနဲ့ သန့်စင်မှု လျော့ကျသွားမှာ ဖြစ်ပါတယ်။

(၇) မျက်ဝန်းအောက်နဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ ရှားစောင်းလက်ပပ်အနှစ်သား ပမာဏအနည်းငယ်ကို တစ်ပတ်မှာ ၂-၃ ကြိမ်လိမ်းပေးပါ။ ဒါကအရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ အရာ ဖြစ်ပါတယ်။

(၈) စိတ်ဖိစီးမှုကိုတွန်းလှန်ပါ။ စိတ်ဖိစီးမှုများရင် အရေပြားအပါအဝင် အင်္ဂါအစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုနည်းနိုင်သမျှ နည်းအောင်နေပါ။

(၉) မိတ်ကပ်တွေကို ညတိုင်းသန့်စင်ပါ။ မိတ်ကပ်တွေနဲ့ ချွေးပေါက်ပိတ်နေရင် အသားအရေညစ်နွမ်း ပြီး ထိခိုက်စေနိုင်ပါတယ်။

(၁၀) အနည်းဆုံးတစ်လတစ်ခါ အသားအရေလှပစေမယ့် ဖျော်ရည်သောက်ပါ။ ဥနီ၊ လိမ္မော်ရည်၊ ပန်း သီး၊ သခွားသီးနဲ့တရုတ်နံနံတို့ကို ရောမွှေပြီး သောက်ပေးရမှာဖြစ်ပါတယ်။ ဒါက အဆိပ်အတောက် ပြေစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။

(၁၁) လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်း စေပြီး အသားအရေကို သစ်လွင်လန်းဆန်းစေပါတယ်။

(၁၂) ၁၅ ရက်ကြာတိုင်း မျက်နှာပေါ်က အရေပြားကို ဒိန်ချဉ်နဲ့ သကြားအရောအနှောနဲ့ လိမ်းကာ ကြေးချွတ်ပေးပါ။

(၁၃) အိပ်ရေးဝ၀အိပ်စက်အနားယူပါ။ အိပ်စက်တာကြောင့် ဆဲလ်တွေကို အားသစ်လောင်းပေးနိုင်ပြီး အသားအရေတင်းရင်းကာ ဆွဲဆန့်နိုင်စွမ်းအား ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၁၄) အဆီပြန်တဲ့ အသားအရေရှိရင် ထောပတ်သီးနဲ့ ပေါင်းတင်ပါ၊ ပေါင်းစပ်အသားအရေရှိရင်ပျားရည်နဲ့ သင်္ဘောသီးသုံးပြီး ပေါင်းတင်ပါ။

(၁၅) နေ့တိုင်းဘိုင်အိုတင်ဆေးကို မှီဝဲပါ။ ဒီဗီတာမင်က ဆဲလ်သစ်တွေ ပြန်လည်ရှင်သန်စေပြီး အသား အရေနဲ့ လက်သည်းခြေသည်းကို သန်စွမ်းစေပါတယ်။ ဘိုင်အိုတင် အားဆေးသောက်ပြီး ရေများ များသောက်ပါ။

(၁၆) သခွားသီးပါးပါးကို မျက်လုံးပေါ်ကပ်ပေးပါ။ သခွားသီးဖျော်ရည်က မျက်နှာကိုလန်းဆန်းစေပါ တယ်။

(၁၇) လက်ဖက်အိတ်ကို မျက်လုံးပေါ်ကပ်ပေးရင် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတို့ကို လျော့ကျစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်ကို တစ်ပတ်နှစ်ကြိမ်ခန့် မျက်နှာမှာ လိမ်းပေးရင် ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးပြီး အိုမင်းမှုကို တားပေးပါတယ်။

(၁၈) မျက်နှာကို စပရေးဖျန်းတာမျိုးရှောင်ပါ။

(၁၉) အရည်အသွေးပြည့်ဝတဲ့ မိတ်ကပ်ကိုလိမ်းပါ။

(၂၀) အသားအရေသန့်စင်မှုကို အထူးအလေးထားပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top