Healthy Life Ad
Life Style

သမီးရှင်မေမေတိုင်း သိသင့်သည့် စည်းမျဉ်း ၁၀ ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သမီးမိန်းကလေးတွေကို ပြုစုပျိုးထောင်ရတာက ခက်ခဲပါတယ်။ အထူးသဖြင့် သူတို့လေးတွေ ဆယ်ကျော်သက်ထဲ ချည်းနင်းဝင်ရောက်လာချိန်မှာ ဘာတွေကို သင်ပြထားသင့်ပြီး ဘာတွေကိုရှောင်သင့်တယ်ဆိုတာ သိနားလည်မှသာ သူတို့ဘဝလမ်း ခရီးကချောမွေ့နေမှာပါ။ ဒါကြောင့် သမီးမိန်းကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ဘယ်လိုအကောင်း ဆုံးနည်းလမ်းတွေနဲ့ ပြုစုရမလဲဆိုတာ မိခင်တိုင်း သိရှိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရာသီလာခြင်းအကြောင်းရှင်းပြပါ

လစဉ် ရာသီလာတဲ့ဖြစ်စဉ်ကိုရှင်းပြပြီး ရာသီလာတယ်ဆိုတာ မသက်မသာဖြစ်ရပေမယ့် ဒါက မိန်းကလေးတွေရဲ့ဘဝမှာ မိခင်ဖြစ်ခွင့်ကိုပေးစွမ်းမယ့် ကိစ္စဖြစ်လို့ အရေးကြီးကြောင်းပြောပြပါ။ ရာသီလာတာနဲ့အတူ ဖြစ်ပေါ်လာတတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကိုပြောပြပြီး အဲဒီအရာ တွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို သင်ပေးထားပါ။

(၂) တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်သင်ပေးပါ

ကြီးထွားလာတာနဲ့အတူ အဝတ်အစားတွေကို လိုက်လျောညီထွေရှိရှိ ဝတ်ဆင်တတ်ဖို့ လိုအပ် လာပါတယ်။ အရေးကြီးဆုံးက တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့ပဲ ဖြစ်ပါတယ်။

(၃) မိတ်ကပ်နည်းလေ၊ ကောင်းလေ

ဆယ်ကျော်သက်အရွယ်တွေက မိခင်နဲ့အဒေါ်တွေကို အားကျလို့ပဲဖြစ်ဖြစ် ၄၀ ကျော် အမျိုးသမီး တွေအတိုင်းလိုက်လံပြင်ဆင်တတ်ပါတယ်။ တကယ်တော့ ဆယ်ကျော်သက်အရွယ်အတွက် မိတ်ကပ် နည်းလေ၊ ကောင်းလေ၊ မိတ်ကပ်ကအနံ့မပါလေ ပိုသင့်တော်လေဆိုတာ ရှင်းပြပါ။ ဒါမှသာ အသား အရေထိခိုက်မှုနည်းပြီး ပျိုမြစ်နုနယ်တဲ့ အလှတရားပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

(၄) ငွေစုခြင်း၏တန်ဖိုးကိုရှင်းပြပါ

ငွေကြေးကို စုဆောင်းထိန်းသိမ်းတတ်ရင် မိန်းကလေးတွေရဲ့ တန်ဖိုးကလည်း ပိုမြင့်တက်လာပါ တယ်။ ဒီလို စုဆောင်းတတ်တာကြောင့် ဘဝမှာဘယ်သူ့ကိုမှ မှီခိုစရာမလိုဘဲ ရပ်တည်နေနိုင်မယ်ဆို တာ သင့်သမီးကိုသွန်သင်ပေးပါ။

(၅) ခန္ဓာကိုယ်အချိုးအစားအတွက်မလှောင်ပြောင်ရ

သင့်သမီးအတွက် သင့်ခန္ဓာကိုယ်ကစံပြဖြစ်နေဖို့လိုသလို သူ့ခန္ဓာကိုယ်က ရှိသင့်တာထက် ပိန်နေ လို့ပဲဖြစ်ဖြစ်၊ ဝနေလို့ပဲဖြစ်ဖြစ် အဆိုးမြင်စကားနဲ့ မလှောင်ပြောင်ပါနဲ့။ သူ့ခန္ဓာကိုယ်က ရှိသင့်တဲ့အချိုး အစားထက် အများကြီးကွာဟနေတယ်ဆိုရင် ပုံမှန်အချိုးအစားရဖို့နဲ့ ကျန်းမာဖို့အားပေးပါ၊ ကူညီပါ။

(၆) စိတ်ဓာတ်ခိုင်မာစေရန်ကာကွယ်ပါ

ကမ္ဘာလောကကြီးက စိတ်ဓာတ်ခွန်အားပိုမိုသန်စွမ်းတဲ့ အမျိုးသမီးတွေကိုလိုအပ်နေတယ်ဆို တာ သင့်သမီးလေး သိအောင်ပြောပြပါ။ ပြဿနာတစ်ခုခု၊ အခက်အခဲတစ်ခုခုကို ရင်ဆိုင်ရတဲ့အခါမှာ အရှုံးမပေးခင် နှစ်ကြိမ်- သုံးကြိမ်လောက် ပြန်လည်ကြိုးစားခိုင်းပါ။ သူစွမ်းဆောင်နိုင်တဲ့ ကိစ္စတွေအ တွက် သင်ဝင်မပါပါနဲ့။

(၇) သူ့အလှအပအသွင်အပြင်ထက်စမတ်ကျပြီး စိတ်ထားကောင်းဖို့အားပေးပါ

သင့်သမီးကိုလှပအောင် ဘယ်လိုပြင်ဆင်ဖို့၊ ဘယ်လိုဝတ်စားဖို့ ပြောတာထက် သူ့ကိုယ်သူလေး စားတန်ဖိုးထားတတ်ဖို့က ပိုအရေးကြီးတယ်ဆိုတာသိနေပါစေ။ အဲဒီအတွက် စမတ်ကျဖို့၊ ထက် မြက်ဖို့၊ ပျော်ပျော်နေတတ်ဖို့၊ အကောင်းမြင်ဖို့နဲ့ ကြင်နာ တတ်ဖို့သာအရေးကြီးကြောင်းပြောကြားပေးပါ။ အဲဒီအရာတွေက အချိန်ရဲ့တိုက်စားမှုကို ဘယ်လောက်ပဲ ခံရခံရပျောက်ပျက်မသွားမယ့်တန်ဖိုးတွေပါ။

(၈) ကိုယ့်အိပ်မက်နှင့် ယုံကြည်ချက်နောက်လိုက်ပါ

သင့်သမီးကို ကိုယ်ပိုင်အိပ်မက်မက်တတ်ဖို့နဲ့ ကိုယ်ပိုင်ယုံကြည်ချက် ချမှတ်ထားဖို့အားပေးပါ။ အဲဒီအရာတွေကို သင်ကချစ်ခြင်းအားဖြင့် ပံ့ပိုးပေးမယ့်သူဆိုတာ သူနားလည်ပါစေ။

(၉) အမျိုးသားများအပေါ် ဉာဏ်ရှိရှိဝေဖန်ဆန်းစစ်တတ်ဖို့သင်ပေးပါ

သမီးမိန်းကလေးတွေ အရွယ်ရောက်လာတဲ့အခါ မိဘတွေစိတ်အပူဆုံးအချက်က သူကဘဝကြင် ဖော်ကိုအကောင်းဆုံး ရွေးချယ်နိုင်ပါ့မလားဆိုတဲ့ အချက်ပါပဲ။ ယောကျာ်းလေးတွေ ချည်းကပ်လာတဲ့အခါ ဘယ်သူ့ကိုယုံကြည်သင့်ပြီး ဘယ်လိုအားကိုးနိုင်သလဲဆိုတဲ့ အတွင်းစိတ်ခံစားချက်နဲ့ ဆင်ခြင်ဉာဏ်ကို မေးကြည့်ဖို့သင်ပေးပါ။

(၁၀) ကိုယ့်ခန္ဓာကိုယ်ကို လေးစားစွာတန်ဖိုးထားတတ်ပါစေ

သမီးမိန်းကလေးတွေကို အထူးပြောပြသင့်တာက ကိုယ့်ခန္ဓာကိုယ်ကို လေးလေးစားစားနဲ့တန်ဖိုး ထားတတ်ဖို့ပဲ ဖြစ်ပါတယ်။

(Ref;BS)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top