Healthy Life Ad
Health Tips

၀မ်းပျက်ဝမ်းလျှောခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဝမ်းပျက်ဝမ်းလျှောတာက ကိုယ်တွင်းစနစ်မှာ အဆိပ်သင့်နေတာကိုဖယ်ရှားဖို့ သင့်ခန္ဓာကိုယ်က ကြိုးစားနေတဲ့လက္ခဏာပါ။ အဲဒီအချိန်မှာ ဝမ်းပျက်ဝမ်းလျှောတဲ့ ဝေဒနာသက်သာစေဖို့ အောက်ပါသဘာဝကုထုံးတွေကို လိုက်နာသင့်ပါတယ်။

– စွပ်ပြုတ်ရေကျဲ သို့မဟုတ် ပန်းသီးဖျော်ရည်သောက်ပါ

စွပ်ပြုတ်ရေကျဲ ဒါမှမဟုတ် ပန်းသီးဖျော်ရည်ဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် ဆုံးရှုံးသွားတဲ့ ဆားဓာတ်နဲ့သတ္တုဓာတ်တွေကို ပြန်လည်ဖြည့် တင်းပေးနိုင်ပါတယ်။ ဒီအချိန်မှာ အချဉ်အရသာရှိတဲ့ သစ်သီးဝလံ၊ နာနတ်သီး၊ ခရမ်းချဉ်သီးနဲ့ တခြားဖျော်ရည်တွေကို ရှောင်သင့်ပါတယ်။ အဲဒီအထဲက အက်စစ်ဓာတ်တွေဟာ အူရောင်ရမ်းမှုကို ပိုဆိုးစေနိုင်လို့ပါ။ စွပ်ပြုတ်ရေကျဲ ဒါမှမဟုတ် ပန်းသီးဖျော်ရည်ကို တစ်ငုံချင်းသောက်ပြီး နာရီဝက်ကြာမှ တစ်ခွက်သောက်ပါ။

– ထမင်းဖြူ စားပါ

ထမင်းဖြူကို ပမာဏအနည်းငယ်စားတာ ကြောင့်ဝမ်းလျှောတာကို သက်သာစေပါတယ်။

– ပျားရည်ပါသောရေနွေး သောက်ပါ

ရေနွေးတစ်ခွက်ထဲမှာ ပျားရည်ထမင်းစားဇွန်းလေးဇွန်းထည့်ပြီး အေးမြအောင်ထားကာ သောက်ပါ။

– ရှလကာရည်ခတ်ထားသည့် ရေငုံပါ

ဘက်တီးရီးယားပိုးဝင်တာက ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး ရှလကာရည်မှာ ပဋိဇီဝပိုးသတ်အာနိသင်ရှိတာကြောင့် ဝမ်းပျက်တာကို သက်သာစေပါတယ်။ ရှလကာရည်မှာပါတဲ့ပက်တင်ဓာတ်ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကိုသက်သာစေပါတယ်။

– သဘာဝအစာများ စားပါ

ငှက်ပျောသီး၊ ထမင်းဖြူ၊ ပန်းသီး၊ ရေနွေးကြမ်း စတာတွေကဝမ်းပျက်ချိန်မှာ အန္တရာယ်ကင်းကင်း စားသောက်နိုင်ပြီး အာဟာရဓာတ်ပြည့်ဝစေပါတယ်။

– ကရဝေးလက်ဖက်ရည် သောက်ပါ

ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဆက်စပ်နေတဲ့ အူလမ်းကြောင်း ဝေဒနာတွေသက်သာစေဖို့ ကရဝေးလက်ဖက်ရည်သောက်ပါ။ ကရဝေးစေ့ လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို ဆူပွက်နေတဲ့ ရေတစ်ခွက်စာထဲထည့်ပြီးနှပ်ကာ အဖုံးအုပ်ထားပါ။ ၁၅ မိနစ်ကြာရင် ရေစစ်ပြီးသောက်နိုင်ပါပြီ။

– ရေနွေးကြမ်း သောက်ပါ

ရေနွေးကြမ်းထဲမှာပါတဲ့ တန်နင်ဓာတ်ဟာ အူလမ်းကြောင်း အမြှေးပါးကိုကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ တန်နင်ဓာတ်က ခန္ဓာကိုယ်ထဲက အရည်ကိုစုပ်ယူပြီး အူရောင်ရမ်းမှုကို သက်သာစေပါတယ်။

(Ref;RD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top