Healthy Life Ad
Life Style

အခါးသက်ဆုံး လမ်းခွဲမှုပြီးတဲ့အခါ . . .

စူး ( ဆေးဝါးတက္ကသိုလ် )
ရှောင်နဲ့ သူ့ဇနီးဟောင်းတို့က ခါးသက်တဲ့ နည်းနဲ့လမ်းခွဲပြတ်စဲခဲ့ကြတာပါ။ သူတို့ အကြီးအကျယ်ရန်ဖြစ်နေတဲ့အတွက် ရဲအစောင့်အရှောက်တွေက သူတို့ကလေးတွေကို လာရောက်ခေါ်ဆောင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ ရှေ့နေတွေကနေ တစ်ဆင့်သာ ဆက်သွယ်ခဲ့ကြတော့တယ်။

ရှောင်ဟာ အဲဒီအချိန်က ဒေါသထွက်လွန်းလို့ သူ့ဇနီးဟောင်းရဲ့ ချစ်သူကို လက်သီးနဲ့ ထိုးပစ်ချင် စိတ်ပေါက်ခဲ့ပါတယ်။ ရှောင်နဲ့ သူ့ဇနီးက တရားရုံးမှာ တစ်နှစ်လောက်တရားရင်ဆိုင်ခဲ့ပြီး လမ်းခွဲခဲ့ပါတယ်။

လမ်းခွဲပြတ်စဲပြီး နှစ်များစွာကြာခဲ့ရာ အခုအခါမှာတော့ သူတို့ ပေါင်းသင်းဆက်ဆံရေးက ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ စစ်မှန်တဲ့မိတ်ဆွေ ပုံစံမျိုးနဲ့ပါ . .
ရှောင်က သူ့ဇနီးဟောင်းတို့မိသားစု ညစာစားဖိတ်တာကို သွားရောက်ခဲ့ပြီး သူတို့ကလေး သုံးဦး၊ ဇနီးဟောင်းရဲ့ နောက်အိမ်ထောင်နဲ့ရတဲ့ ကလေးသုံးဦးအပါအဝင် စုဝေးဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပြီးတော့ သူက ဓာတ်ပုံနဲ့အတူ လူမှုကွန်ယက်မှာ သတင်းစကားလေးကိုပါ တင်လိုက်တဲ့အခါ သဘောကျသူ အမြောက်အများရှိခဲ့ပါတယ်။

သူ့စကားလေးကတော့-
“ ဒါက ကျွန်တော့်ဇနီးဟောင်းနဲ့ သူ့ခင်ပွန်းပါ၊ ကျွန်တော်တို့ကလေးသုံးဦးနဲ့ သူတို့ ကလေးနှစ်ဦးလည်း အပါအဝင်ပေါ့ . . ဒီည သူတို့က ကျွန်တော့်ကို ညစာစားဖို့ ဖိတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဇနီးဟောင်းနဲ့ ကျွန်တော်တို့ဟာ ခါးသက်တဲ့ လမ်းခွဲမှုနဲ့ အဆုံးသတ်ခဲ့ရတာပါ။ ကျွန်တော်က သူ့ချစ်သူ (အခု သူ့ခင်ပွန်း) ကို လက်သီးနဲ့ ထိုးပစ်ချင်ခဲ့ပါတယ်။

ဒီနေ့ ညမှာတော့ ကျွန်တော်တို့ ပေါင်မုန့်ကို အတူလှီးကြတယ်၊ ရယ်မောကြတယ်၊ ကလေးတွေနဲ့ အတူကစားကြတယ်၊ တကယ့်ကို ပျော်ရွှင်ကြည်နူးဖွယ်ရာ ညနေခင်းပါပဲ . .

ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့ မိတ်ဆွေတို့၊ ငြိမ်းချမ်းရေးဆိုတာ ရွေးချယ်မှု တစ်ခုပါ . .

ဒါက သင်ရဲ့ ရွေးချယ်မှုလည်း ဖြစ်ပါတယ်။

ဘယ်သူရဲ့ ရွေးချယ်မှုမှ မဟုတ်ပါဘူး။

ကိုယ့်ရွေးချယ်မှုပါပဲ . .

ငြိမ်းချမ်းရေးကို ရွေးချယ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေသွားကြရအောင်လားဗျာ . .”

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top