Healthy Life Ad
International

ကားတိုက်ခံရသည့်အမျိုးသမီး ခန္ဓာကိုယ်အစိတ်အပိုင်းများ လှူဒါန်းကာ အသက်၅ချောင်းကို ကယ်တင်သွား

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ လင်နီဟော်ရယ်လ်က မမျှော်လင့်ဘဲ ဆုံးပါးခဲ့ရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှူဒါန်းမယ်လို့ မှတ်ပုံတင်ထားခဲ့ပါတယ်။ ကြေကွဲစရာ ကားမတော်တဆမှုအတွင်း လင်နီကွယ်လွန်သွားခဲ့ပြီးချိန်မှာ သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လူ့အသက် ၅ ချောင်းကို ကယ်တင်နိုင်ခဲ့ပါတယ်။

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့မှာ သူရဲ့ကျောက်ကပ်တစ်လုံးစီအစား ထိုးနိုင်ခဲ့ပါတယ်။ တခြားလူနာတစ်ယောက်မှာ အသည်းအစားထိုးနိုင်ခဲ့ပြီး နောက်တစ်ယောက်မှာ မုန့်ချိုအိတ်ဆိုင်ရာဆဲလ်တွေအစားထိုးနိုင်ခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်မှာ မျက်ကြည်လွှာအစားထိုးနိုင်ခဲ့ပြီး မျက်စိနှစ်ကွင်းအလင်းရနိုင်ခဲ့ပါတယ်။လင်နီရဲ့သမီးဗစ်ကီက မိခင်သေဆုံးလို့ဝမ်းနည်းပေမယ့် လူ၅ယောက်ကို ကယ်တင်နိုင်ခဲ့တဲ့လုပ်ရပ်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားသွားပါတယ်။လူနာတွေဆီကလည်း ကျေးဇူးတင်စကားတွေရရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာအနှံ့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အစားထိုးဖို့စောင့်နေတဲ့ လူနာတွေမြောက်မြားစွာရှိကြောင်းနဲ့ အစားထိုးဖို့လိုအပ်သူတွေမှာ အကျိုးကျေးဇူးများစေတာကြောင့် အသက်ရှင်နေချိန်မှာ ဒီလိုလှူဒါန်းမှုပြုလုပ်ဖို့ မှတ်ပုံတင်ထားသင့်ကြောင်း သူကတိုက်တွန်းသွားပါတယ်။

(Ref;MR)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top