Healthy Life Ad
Q & A

ကလေးလေနာပါမှာစိုးလို့ လျက်ဆားရက်သင့်သလား

မေး။ ။ ကိုယ်ဝန် ၆လကျော်ပါပြီ။ ကလေးလေနာပါမှာစိုးလို့ အမေက လျက်ဆားရက်ခိုင်းပါတယ်။ ကောင်း ပါသလားရှင့်။

မာလာ (FB)

ဒေါက်တာစိုးလွင် (သားဖွားမိယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ မြန်မာအယူအဆမှာ ကလေး လေနာပါတယ်ဆိုပြီး လျက်ဆားတွေမျိုးစုံ လျှောက်ရက်ခိုင်းကြပါတယ်။ ဆေးမြီးတိုတွေတိုက်ကြပါတယ်။ ဆေးတစ်ခုခုကို ကိုယ်ဝန်ဆောင်မိခင်ကို တိုက်ထားရင် မွေးလာတဲ့ ကလေး လေမပါဘူးလို့ ယူဆကြပါတယ်။ တကယ်က လေပါတယ်ဆိုတာ အမေဆီကနေ ကလေးဆီကို ပါသွားတာမဟုတ်ပါဘူး။ နို့စို့ရင်းနဲ့ ကလေးက လေကို ဟပ်မိရာကဖြစ်တာပါ။ နို့တိုက်ပြီးရင် ကလေးကို ကျောပုတ်ပြီး လေထုတ်လိုက်ရင် အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်မသိတဲ့ ဆေးတွေကို လျှောက်မ သောက်တာ ကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top