Healthy Life Ad
Life Style

အိမ်မှာနေရင်းလှပစေမည့် အလွယ်နည်းများ

ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေ၊ ဓာတုပစ္စည်းပါတဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ရှားလို တယ်ဆိုရင် အကုန်အကျသက်သာပြီး ပိုမိုလှပလာ စေဖို့ အောက်ပါသဘာဝပစ္စည်းတွေကို သုံးသင့်ပါတယ်။

အရေးကြောင်းကင်းကာ အသားအရေ နူးညံ့ချော မွေ့လိုသလား

– ခရမ်းချဉ်သီး သုံးပါ
ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်ပါဝင် တာကြောင့် နေ့စဉ်အစားအသောက်ထဲ ထည့်စားရင် အရေးကြောင်းကင်းစေပါတယ်။ နောက်ပြုလုပ်နိုင်တာက ပေါင်းတင်ပေးတဲ့နည်းပါ။ ခရမ်းချဉ်သီးကို ဒိန်ခဲတစ်ခဲနဲ့ရောမွှေပြီး စေးပျစ်အောင် ဖျော်ကာ မျက်နှာအနှံ့လိမ်းပေးပါ။ သင့်အသားအရေက အဆီပြန်ရင် ၁၅ မိနစ်လောက်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။ ပုံမှန် အသားအရေဆိုရင် ငါးမိနစ်လောက်ထားပြီး ရေနဲ့ သန့်စင်ပေးပါ။

ဆံပင်အရောင် တောက်ပချင်သလား

– ရှလကာရည်သုံးပါ
သင့်ဆံပင်က အမည်းရောင်ဆိုရင် ဆံပင်အရောင်တောက်ပစေဖို့ ခေါင်းလျှော်ထားတဲ့ ဆံပင် သားပေါ်ကိုရှလကာရည်လောင်းချလိုက်ပါ။ ရွှေအိုရောင်ဆံပင်ဆိုရင် ခေါင်းလျှော်ပြီးချိန်မှာ သံပရာ ရည်နဲ့လောင်းချပေးပါ။ ဆံပင်သားကို တောက်ပစေပါတယ်။

မျက်နှာကြေးချွတ်သန့်စင်လိုသလား

– ဂျုံမှုန့်အကြမ်းကို သုံးပါ
ဂျုံမှုန့်အကြမ်း လက်တစ်ဆုပ်စာ ပမာဏကို ယူပြီး မျက်နှာအရေပြားပေါ်လိမ်းကာ နှိပ်နယ်ရင်း ကြေးချွတ်ပေးပါ။ ပြီးမှ ရေနဲ့ ဆေးချလိုက်ပါ။

လက်သည်းသန်စွမ်းလိုသလား

– သံလွင်ဆီ သုံးပါ
လက်သည်းတွေသန်စွမ်းကျန်းမာပြီး တောက် ပြောင်စေဖို့ သံပရာသီးစိတ်နဲ့ပွတ်တိုက်ပြီး သံလွင် ဆီကိုလိမ်းပေးပါ။

အိုင်းရှဲဒိုး ကြာကြာစွဲစေချင်လား

– ပေါင်ဒါမှုန့်အရင် ရိုက်ပါ
မျက်ခွံပေါ်ကို အိုင်းရှဲဒိုးလိမ်းတဲ့အခါကြာကြာ စွဲနေအောင် အရင်ဆုံး ပေါင်ဒါမှုန့်ရိုက်ပေးပါ။ ဒါဆိုရင်လိမ်းထားတဲ့ ခရင်မ်တွေကို အရေပြားက စုပ်ယူသွားမှာပါ။ ပေါင်ဒါမှုန့်ရိုက်ပြီး အိုင်းရှဲဒိုးလိမ်းပေးရင် ကြာကြာခံမှာဖြစ်သလို ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

ရေချိုးပြီး အရေပြားနူးညံ့လိုသလား

– သံလွင်ဆီနှင့် ရေမွှေးသုံးပါ
သံလွင်ဆီအနည်းငယ်ထဲ ရေမွှေးအစက် အနည်းငယ်ထည့်ကာ ရေချိုးကန် ဒါမှမဟုတ် ရေ စိမ်ကန်ထဲကိုထည့်ပါ။ အဲဒီရေနဲ့ချိုးတာကြောင့် အရေပြားနူးညံ့စိုပြည်ကာ သင်းပျံ့နေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top