Healthy Life Ad
International

၄၆နှစ်အရွယ် အဘွားက မြေးဦးလေးကို ကိုယ်တိုင်မွေးဖွား

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ အသက် ၂၅ နှစ်အရွယ် အလိုက်ဟိုဟင်ဟော့စ်က အသက် ၄နှစ်အရွယ်ကတည်းက သွေးကင်ဆာဖြစ်ခဲ့ပါတယ်။ အသက် ၈ နှစ်မှာ ပျောက်ကင်းအောင်ကုသနိုင်ခဲ့ပေမယ့် ၉ နှစ်အရွယ်မှာရောဂါပြန်ဖြစ်လာကာ တစ်ကိုယ်လုံးဓာတ် ရောင်ခြည်ပေးမှုကြောင့် နောက်ပိုင်းကလေးယူဖို့ အခက်အခဲရှိလာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်မှာ သဘာဝအတိုင်းကိုယ်ဝန်ဆောင်နိုင်ခဲ့ပေမယ့် ကိုယ်ဝန် ၁၅ပတ် အရောက်မှာ ပျက်ကျခဲ့ပါတယ်။ ဆရာဝန်တွေက သူရဲ့သားအိမ်ပုံမမှန်မှုကြောင့် ကလေးယူဖို့ မဖြစ်နိုင်တောဘူးလို့ အကြံပေးခဲ့ကြပါတယ်။ ဒါပေမဲ့အလိုက်ရဲ့မိခင်ထရီဆာက အငှားကိုယ်ဝန်ဆောင်ကာ သူသမီးရဲ့ ကလေးယူလိုတဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

အလိုက်ရဲ့မျိုးအောင်တဲ့သားဥ ထည့်သွင်းခံခဲ့ရပြီး ဒါကသားအိမ်ထဲမှာတွယ်ကပ်နိုင်ခြေ ၅၀ ရာခိုင် နှုန်းသာရှိပေမယ့် မကြာခင်မှာထရီဆာမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ၈လခွဲကြာပြီးနောက်မှာထရီဆာက ကိုယ်အလေးချိန် ၈ ပေါင် ရှိတဲ့ မြေးလေးပါကားကိုမွေးဖွားနိုင်ခဲ့ပါတယ်။ ကလေး ၅ ယောက်မိခင်ထရီဆာက ၆ ယောက်မြောက်အဖြစ် မြေးဦးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့တာပါ။

မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအဆင်ပြေအောင်ဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်းနဲ့ အလိုက် ပျော်ရွှင်နေတာမြင်ရတာကြောင့် သူရဲ့ကြိုးစားမှုဟာ ထိုက်တန်ကြောင်းထရီဆာကပြောပြခဲ့ပါတယ်။

(Ref;DM)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top