Healthy Life Ad
Health Tips

သွေးတိုးခြင်းကိုထိန်းနိုင်မည့် အံ့ဖွယ်နည်းလမ်းများ

၊ မီမိုး ၊(ဆေးဝါးတက္ကသိုလ်)

– သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစားပါ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်ပါဝင်မှု များပါတယ်။ အပင်ထွက်အစာတွေနဲ့ ငါးကိုစားပေးရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် သွေးတိုးကို ထိန်းနိုင်ပါတယ်။

– လေ့ကျင့်ခန်းလုပ်ပါ

လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ကြက်တောင်ရိုက်တာ စတဲ့လေ့ကျင့်ခန်းတွေကို တစ်နေ့မှာ ၂၀-၆၀ မိနစ်ခန့်ပြုလုပ်ပေးပါ။ အဲဒီအတိုင်း တစ်ပတ်မှာ ငါးရက်လောက်လုပ်ပေးရင် သွေးပေါင်ကို ပုံမှန်ထိန်းထားပေးနိုင်ပါတယ်။

– အခြားသူကို ကူညီပါ

တခြားသူကို ကူညီတာကြောင့် သင့်ကျန်းမာရေးအပေါ် ကောင်းတဲ့သက်ရောက်မှု ရှိစေပါတယ်။အထူးသဖြင့် သွေးဖိအားကို တည်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ငွေကြေးနဲ့ ကူညီမှ ကူညီရာ ရောက်တာမဟုတ်ပါဘူး။ ကလေးတွေကို စာသင်ပေးတာ၊ အသက်ကြီးသူကို ဈေးလိုက်ပို့ပေးတာ စတဲ့နည်းတွေကလည်း တခြားသူအဆင်ပြေအောင် ကူညီတဲ့ နည်းတွေပဲ ဖြစ်ပါတယ်။

– မကောင်းသော အဆီရှောင်ပါ

ကိုလက်စထရောတက်စေမယ့် အစာတွေ (ဥပမာ ဆီကြော်စာ)တွေကို တတ်နိုင်သမျှရှောင်ပြီး ကိုလက်စထရော ကျစေမယ့်အစာတွေကို ရွေးချယ်စားပေးရင် သွေးတိုးခြင်းမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

(Ref;HD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top