Healthy Life Ad
International

ကစားစရာပစ္စည်းများမှတစ်ဆင့် ကလေးများကို ရောဂါကူးစက်စေနိုင်

၊ မိုးမင်းထွန်း ၊

ကလေးကစားစရာပစ္စည်းတွေကလည်း ရောဂါကူးစက်စေတတ်တယ်လို့ ကျွမ်းကျင်သူတွေက သတိ ပေးလိုက်ပါတယ်။

ကျွမ်းကျင်သူတွေက ပလတ်စတစ်ကစားစရာ ပစ္စည်းတွေအပေါ်မှာ ကူးစက်ပိုးတွေ ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲဆိုတာ စမ်းသပ်ခဲ့ကြပါတယ်။

စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိတဲ့ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်တွေက အရုပ်တွေပေါ်မှာ ၂၄နာရီကြာ အောင်အသက်ရှင်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ စိုထိုင်းဆ ၄၀ရှိတဲ့အခါ ၁၀ နာရီကြာအောင် အသက် ရှင်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ဂျော်ဂျီယာစတိတ်တက္ကသိုလ်မှ ဦးဆောင် သုတေသီဒေါက်တာရစ်ချက်ဘီယာဒင်က လူတွေက ကစားစရာပစ္စည်းတွေမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်စေနိုင်တာကို သတိမထားမိကြပါဘူး။ လူအချင်းချင်း ကူးစက်တာကိုသာ သိထားကြပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် ကစားစရာပစ္စည်းတွေကို လက်နဲ့ကိုင်တာ၊ ပါးစပ်ထဲထည့်တာတွေလုပ်တဲ့အခါ ရောဂါကူးစက်စေနိုင်တယ်လို့ ပြောပြပါတယ်။ ချက်ချင်း မသေနိုင်တဲ့ဗိုင်းရပ်စ်တွေထဲမှာ ပြင်ပအကာအကွယ် အလွှာပါတဲ့ ဆားစ်၊ မားစ်ရောဂါတို့ကိုဖြစ်စေတဲ့ တုပ်ကွေးဗိုင်းရပ်စ်နဲ့ ကော်ရိုနာဗိုင်းရပ်စ် (corona viruses) တွေပါဝင်တယ်လို့ ဆိုပါတယ်။

နေ့ကလေးထိန်းကျောင်းတွေ၊ ရုံးတွေ၊ အိမ်တွေက မသန့်ရှင်းတဲ့အရုပ်တွေကတစ်ဆင့် ကလေးတွေကို ရောဂါကူးစက်စေနိုင်တယ်လို့ သိရပါတယ်။ အရုပ်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်တဲ့အပြင် တံခါးလက်ကိုင်တွေ၊ ဓာတ်လှေကား ခလုတ်တွေနဲ့ ထိတွေ့မှုများတဲ့ နေရာတွေကို ပုံမှန်တိုက်ချွတ်ဆေးကြောနေဖို့လိုအပ်တဲ့အကြောင်း သုတေသီတွေက အကြံပြုထားပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top