Healthy Life Ad
Life Style

အရေပြားတွင် အညိုအမည်း စွဲလွယ်ရခြင်း အကြောင်းရင်း ၆ ရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတစ်ရံမှာ တစ်ခုခုနဲ့ တိုးတိုက်မိရင်း အရေပြားမှာ အညိုအမည်း စွဲသွားတာကို မသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် အရေပြားအောက်က သွေးကြောတွေပေါက်ပြဲရင်း အရေပြားအရောင်ပြောင်းသွားရတာဖြစ်ပါတယ်။ အရေပြားအညိုအမည်းစွဲလွယ်ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

(၁) သင်အသက်ကြီးလာလို့ပါ

အသက်ကြီးလာတဲ့အခါ အရေပြားမှာပြောင်း လဲမှုနှစ်ရပ် ဖြစ်လာပါတယ်။ အရေပြားအဆီရဲ့ အကာအကွယ်အလွှာ ဆုံးရှုံးသွားပြီး ကော်လာဂျင်ထုတ်လုပ်မှုနှေးသွားလို့ပါ။ အဲဒီအတွက် အရေပြား က ပါးလျလာပြီး အညိုအမည်းစွဲလွယ်လာပါတော့တယ်။ အသက် ၆၀ အရွယ်တွေမှာ အဖြစ်များပြီး ထိခိုက်ဒဏ်ရာလေး နည်းနည်းဖြစ်ရုံနဲ့တင်အရေပြားမှာ အညိုအမည်းစွဲလွယ်လာပါတယ်။

(၂) နေဒဏ်ခံရလို့ပါ

နေဒဏ်ကို ရေရှည်ခံခဲ့ရတာကြောင့် အရေပြားပါးလျလာပြီး အညိုအမည်း စွဲလွယ်လာပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားကနေ ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာပါတယ်၊ အဲဒီမှာ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရရင် အရေပြားထိခိုက်မှု ပိုများလာပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားမှာ နောက်ထပ် ထိခိုက်မှုမဖြစ်စေဖို့ နေ ကာနိုင်စွမ်း SPE ကောင်းကောင်းပါတဲ့ နေကာ ခရင်မ်လိမ်းပါ။

(၃) နေ့စဉ်အက်စပရင်ဆေး မှီဝဲလို့ပါ

နေ့တိုင်း အက်စ်ပရင်ဆေး တစ်ပြားမှီဝဲရင် အရေပြား အညိုအမည်းစွဲနိုင်ခြေများပါတယ်။ အက်စ် ပရင်ဆေးက သွေးကျဲဆေးဖြစ်လို့ သွေးခဲစေတဲ့ဆဲလ် တွေနည်းသွားရာက ထိခိုက်ဒဏ်ရာ အနည်းအကျဉ်းဖြစ်ရင်တောင် အညိုအမည်းစွဲလွယ်လာပါတယ်။

(၄) အရေပြားအခြေအနေကြောင့်ပါ

သင့်အရေပြားက ပါးလျရင် ထိခိုက်မှုအသေးအမွှား၊ တိုးမိတိုက်မိတာ အနည်းအကျဉ်းဖြစ်တာတောင် အညိုအမည်းစွဲလွယ်လာပါတယ်။

(၅) သွေးကြောရောင်ရမ်းလို့ပါ

သွေးကြောရောင်ရမ်းစေတဲ့ ရောဂါဝေဒနာတွေရှိပါတယ်။ ကိုယ်ခံအားစနစ်က ပြန်တိုက်တဲ့ရောဂါ၊ အသည်းရောင်ရမ်းတာစတဲ့ အခြေအနေတွေကြောင့် သွေးကြောရောင်ရမ်းတတ်ပါတယ်။ ဒီရောဂါဝေဒနာဖြစ်ရင် ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

(၆) ဗီတာမင်စီလိုအပ်နေလို့ပါ

အသက်ကြီးလာတဲ့အခါ ဗီတာမင်စီချို့တဲ့မှုဖြစ်တတ်ပါတယ်။ အရက်စွဲသူတွေမှာလည်း ဗီတာ မင်စီချို့တဲ့မှုဖြစ်တတ်ပါတယ်။ ဗီတာမင်စီချို့တဲ့မှုကြောင့် အရေပြားကနေ ကော်လာဂျင်ထုတ်လုပ်မှု နည်းလာပြီး အနာကျက်နှုန်း လျော့ကျလာပါတယ်။ ဒါ့အပြင် သွေးကြောတွေကျယ်ပြီး အညိုအမည်း စွဲလွယ်တတ်ပါတယ်။ ဗီတာမင်စီချို့တဲ့ရင် ဖြစ်တတ်တဲ့တခြားလက္ခဏာတွေက နုံးချည့်ညောင်းညာတာ၊ စိတ်ဓာတ်ကျတာ၊ သွားဖုံးသွေးယိုတာ၊ အဆစ်ရောင်ရမ်းတာ၊ နှာခေါင်း သွေးယိုတာနဲ့ အသားအရေနဲ့ဆံပင်ခြောက်သွေ့တာတို့ ဖြစ်ကြပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top