Healthy Life Ad
Life Style

သင့်အလုပ်ကို သိက္ခာရှိရှိတန်ဖိုးထားတတ်စေဖို့ . . .

၊ ကိုမိုး ၊

သမ္မာအာဇီဝကျတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တိုင်းဟာဂုဏ်ယူစရာပါ။ ကိုယ့်အလုပ်၊ ကိုယ့်နေရာက သေးနုပ်တယ်ဆိုတဲ့ စိတ်နဲ့ အားငယ်စရာမလိုပါဘူး။

– အလုပ်ကို မညည်းညူပါနှင့်

အလုပ်ထဲမှာ ငါတစ်ယောက်တည်းပဲ ပင်ပန်းနေတာပဲ၊ တခြားသူတွေများ ဘာမှ မလုပ်ရဘဲ နေရာရတယ် ဆိုပြီး ကိုယ့်အဖြစ်ကို ညည်းညူကာ တခြားသူရဲ့ သက်သာရာရခြင်းကို အားမကျပါနဲ့။ အလုပ်လုပ်နေတဲ့အခါ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားတဲ့ စိတ်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါက ဘဝမှာအရေးပါတဲ့ တန်ဖိုးရှိမှုတစ်ခုပါပဲ။ အချောင်ခိုသူတွေမရနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်ဟာ အလုပ် လုပ်သူတွေမှာပဲရနိုင်တာ ဖြစ်ပါတယ်။

– ကိုယ့်အလုပ်ကို ချစ်ပါ

ကိုယ်လုပ်နေတဲ့အလုပ်က ဝင်ငွေနည်းလို့ပဲဖြစ်ဖြစ်၊ နေရာရာထူးအားဖြင့် သေးငယ်လို့ပဲဖြစ်ဖြစ်သိမ်ငယ်စရာမရှိပါဘူး။ သမ္မာအာဇီဝကျတဲ့ အလုပ်ဆိုတာလုပ်နေသူတိုင်းအတွက်ဂုဏ်သိက္ခာရှိပြီးသားပါ။

– ဝင်ငွေထက် ကိုယ့်တန်ဖိုးကို မြှင့်တင်သည့်အနေဖြင့် အလုပ်လုပ်သည်ဟု သဘောထားပါ

အလုပ်ကရတဲ့ ဝင်ငွေများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်ကကိုယ့်ပင်ကိုတန်ဖိုးကို မြှင့်တင်ဖို့ ကြိုးစားနေတယ်ဆိုပြီး သဘောထားသင့်ပါတယ်။

– တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းပါ

အလုပ်ထဲမှာ ကိုယ်က ရာထူးသေးငယ်ပေမယ့်အားမငယ်နဲ့။ အလုပ်ထဲမှာ ကိုယ်ကရာထူးသေးငယ်တယ် ဆိုပေမယ့် အားမငယ်ပါနဲ့။သင်ယူလေ့လာစရာတွေ အများကြီး ရှိတယ်လို့ သဘောပေါက်နားလည်ပြီး အခြေခံကနေစကာ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းပါ။

– လေ့လာသင်ယူပါ

အလုပ်ထဲမှာ တိုးတက်ဖို့ ပြင်ပစာပေဗဟုသုတတွေ ရှာမှီးဖို့ လိုအပ်သလို သင်တန်းတွေလည်း တက်ရောက်သင့်ရင် တက်ရောက်လေ့လာရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top