Healthy Life Ad
Q & A

အသားတုစားရင်၊ ဆီး-ဝမ်းညီညွတ်ဆေး စွဲသောက်ရင်

မေး ။ ။ အသားတုစားရင် လူကိုဝိတ်တက်စေလာရှင့်။ ဆီး – ဝမ်းညီညွတ်ဆေးတွေ ကြာရှည် သောက်ရင်ဘာဆက်ဖြစ်နိုင်သလဲရှင့်။
Hom Seng (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးခြင်းဖြစ်ပါသည်။

ဖြေ ။ ။ အသားတုမှာ ဆားဓာတ်၊ အချိုမှုန့်၊ အရသာမှုန့်တွေ ထည့်လေ့ရှိပါတယ်။ စားတာများရင် သွေးတိုး၊ ဆီးချိုစတာတွေ ဖြစ်စေနိုင်ပါတယ်။ အသားတုသက်သက်ကြောင့်တော့ အဝလွန်တာ မဖြစ်စေပေမယ့် အသားတုကို ချက်ပြုတ် ပြင်ဆင်တဲ့အခါ အရသာကောင်းအောင်၊ ဆီအပါအဝင်၊အရသာမှုန့်တွေ ထည့်လေ့ရှိတာကြောင့် အစားများရင် ဝလာစေနိုင်ပါတယ်။

ဆီး-ဝမ်း ညီညွတ်ဆေးဆိုတာ တိုင်းရင်းဆေးလား ဘာဆေးလဲ မသဲကွဲပါ။ ဘာဆေးပဲ ဖြစ်ဖြစ်မလိုဘဲနဲ့ မသောက်တာ အကောင်းဆုံးပါ။ ဆီး-ဝမ်းပုံမှန်သွားလိုရင် အသီးအရွက်၊ သားငါး စုံလင်စွာစားပါ၊ ရေများများသောက်ပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ မလိုအပ်ဘဲ ဘာဆေးမှ စွဲမသောက်သင့်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top