Healthy Life Ad
Child

ကြွက်နို့အကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးမြောက်ဥက္ကလာဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ကြွက်နို့အကြောင်း သိပါရစေ ဆရာမ။
ဖြေ။ ။ Human papilloma virusလို ့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ အရေပြားပိုးဝင်ခြင်းကိုခေါ် တာပါ။ ဗိုင်းရပ်စ်မှ အရေပြားကီရာတင် (Keratin) တွေ ပွားလာစေပြီး အဲဒီနေရာက ထူလာကာ ဖုတက်လာပါတယ်။ ကုတ်ဖဲ့၊ ခြစ်ညှပ်ပါက ခဏသာ သက်သာပြီး ပြန်ပွားလာတတ်ပါတယ်၊ ပိုထူလာ တတ်တယ်၊ ပိုကြီးလာတတ်ပါတယ်။

မေး။ ။ ဘယ်သူတွေ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ကျောင်းနေတဲ့ ကလေးတွေမှာ ကြွက်နို့ အဖြစ်များတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဆီးချို၊ ကင်ဆာရောဂါရှိသူလို ကိုယ်ခံစွမ်းအားကျတဲ့ သူတွေမှာ ပိုအဖြစ်များတယ်။ ဒီလိုလူတွေမှာ သူဘာသာ ပြန်မပျောက်တတ်ဘူး။ ပိုကုရခက်တယ်။ သားငါးကိုင်သူနဲ့ သားငါးထိတွေ့သူတွေ၊ နာတာရှည် အရေပြားရောဂါတစ်ခုခုရှိသူတွေ၊ အရေပြား ပေါက်ပြဲ နေသူတွေက ကြွက်နို့ကူးစက်လွယ်ကြပါတယ်။

ကြွက်နို့ရှိသူရဲ့ မျက်နှာသုတ်ပဝါ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ်တွေကို သုံးမိရင် ကူးစက်တတ်သည်။ ဖိနပ်မပါဘဲ လမ်းလျှောက်ရင်လည်း ကူးစက်တတ်ပါတယ်။ လိင်ဆက်ဆံရင် အရေပြားချင်းထိတွေ့ပြီး ကူးစက်တတ်ပါတယ် …

မေး။ ။ ကြွက်နို့က ဘယ်လိုကူးစက်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ကူးစက်ပုံမှာ ကြွက်နို့က ကူးစက်တတ်ပါတယ်။ တိုက်ရိုက်ထိတွေ့ခြင်း၊ သွယ်ဝိုက်ထိတွေ့ခြင်းနည်း တွေနဲ့ ကူးစက်တတ်ပါတယ်။ အရေပြားချင်း ထိတွေမှုနဲ့လည်း ကူးပါတယ်။ ကိုယ့်ခန္ဓာတစ်နေရာမှာရှိရင် နောက်တစ်နေရာကို ကုတ်တာ၊ ထိတာတွေ လုပ်ရင် ကူးစက်တတ်ပါတယ်။ ကြွက်နို့ရှိသူရဲ့ မျက်နှာသုတ်ပဝါ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ်တွေကို သုံးမိရင် ကူးစက်တတ်သည်။ ဖိနပ်မပါဘဲ လမ်းလျှောက်ရင်လည်း ကူးစက်တတ်ပါတယ်။ လိင်ဆက်ဆံရင် အရေပြားချင်းထိတွေ့ပြီး ကူးစက်တတ်ပါတယ်။ ကူးရန်ကြာချိန်မှာ ကြွက်နို့ စကူးပြီး ကြွက်နို့ ထွက်လာဖို့ ၁၂ လ လောက် ကြာတတ်ပါတယ်။

မေး။ ။ ကြွက်နို့ကို ဘယ်လို တွေ့နိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ ကြွက်နို့ကို မျက်နှာပြင် ကြမ်းကြမ်းမာမာရှိတဲ့ အဖုလေးတွေ တစ်ဖုချင်း ဒါမှမဟုတ် အဖုလေးတွေ ဆက်ပြီး မို့တက်နေတဲ့ အသားမာလုံးလေးအဖြစ် တွေ့ရပါမယ်။ ကြွက်နို့ပေါ်မှာ သွေးထွက်ပြီး တွေ့ရတဲ့ အမည်းစက်လိုမျိုးလေးတွေ ရှိနေတတ်တယ်။ စပေါက်ခါစမှာ မနာပေမယ့် ကြာပြီး ကြီးလာရင် တစ်ခါတလေ နာလာတတ်ပါတယ်။ ခြေဖဝါး ကြွက်နို့ဆိုရင် ဖိနင်းရင်နာတတ်တယ်။

မေး။ ။ ကြွက်နို့ပုံစံ ဘယ်နှမျိုးလောက် ရှိပါသလဲဆရာမ။
ဖြေ။ ။ကြွက်နို့ပုံစံ အမျိုးမျိုးရှိပါတယ်။

– အတွေ့များတဲ့ကြွက်နိုု့(common wart) -ခြေချောင်း၊ လက်ချောင်းတွေမှာ အတွေ့များတယ်။

– လက်သည်း ကြွက်နို ့- လက်သည်းဘေးမှာ ဖြစ်ရင် လက်သည်းအောက်ကို ကြွက်နို့ကပွားကာ ရောက်သွားပြီး လက်သည်း ပုံပျက်တာ၊ လက်သည်း ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ လက်သည်းနားမှာ မှိုပွင့်လို အသားမာ ကြွက်နို့ တက်နေတတ်တယ်။

– ခြေဖဝါးကြွက်နို့ (Planter warts) – ကြီးလာရင်၊ မကုဘဲထားရင် ခြေနင်းရင် နာတတ်တယ်။ ကြည့်လိုက်ရင် သိပ်မကြီးသလိုလိုနဲ့ အထဲကို ကြွက်နို့အဖု ရောက်သွားပြီး ထင်တာထက် ပိုဆိုးတတ်တယ်။ ဘေးကိုလည်း ပြန့်တတ်ပါတယ်။

– ကြွက်နို့ပြား (Plane warts) – ကြွက်နို့မျက်နှာပြင်က မဖောင်းဘဲ ပြားနေတာကို တွေ့ရမယ်။ အဖုသေး လေးတွေ အများကြီး တွေ့ရတတ်တယ်။ တကယ်လို့ ကုတ်လိုက်၊ ခြစ်လိုက်ရင် ကုတ်ရာခြစ်ရာအတိုင်း အစင်းလေး ဖြစ်သွားတတ်ပါတယ်။

– အမျှင်ပုံကြွက်နို့(Filiform warts) -ကြွက်နို့ဟာ ရှည်ထွက်လာပြီး၊ အဖုရှည်လိုမြင့်လာတယ်။ မျက်နှာမှာ အဖြစ်များပါတယ်။

– အချွဲမြှေးကြွက်နို့ (Mucosal warts) – ပါးစပ်ထဲက နှုတ်ခမ်းမှာ ဖြစ်တတ်တယ်။ အရေပြားကင်ဆာနဲ့ ဆင်တူပါတယ်။

မေး။ ။ ကြွက်နို့ကြောင့် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ အရေပြား ကြွက်နို့ကနေ ကင်ဆာ ဖြစ်တာက တွေ့ရခဲပါတယ်။ ကြွက်နို့များစွာ ဖြစ်တတ်တဲ့ ဗီဇပါသူတွေဟာ မွေးစကပင် အရေပြားကြွက်နို့များစွာ ပါလာတတ်ပါတယ်။ အချွဲမြှေးကြွက်နို့မှသာ ကင်ဆာ ပြောင်းလဲတာကို ရှားပါးစွာတွေ့ရတတ်ပါတယ်။ စအိုနဲ့လိင်အင်္ဂါမှာ တွေ့ရတတ်တဲ့ ကြွက်နို့ဗိုင်းရပ်စ်က ကင်ဆာဖြစ်စေနိုင်ပါတယ်။

မေး။ ။ကြွက်နို့ပိုးက ခန္ဓာကိုယ်ပြင်ပမှာ နေနိုင်ပါသလား ဆရာမ။
ဖြေ။ ။ ပြင်ပ အပူချိန်၊ စိုထိုင်းဆတွေနဲ့ ဆိုင်ပါတယ်။ အခုထိလေ့လာနေဆဲတွေ့ရှိချက်မှာ ကြွက်နို့ဗိုင်း ရပ်စ်ဟာ အခန်းအပူချိန်မှာ ၂၄ နာရီ ဒါမှမဟုတ် ၇ ရက်လောက် အရာဝတ္ထုတွေပေါ်မှာ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။

မေး။ ။ ကြွက်နို့ကို ဘယ်လို ကုသနိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ နှစ်လလောက် အိမ်တွင်းနည်းတွေ အမျိုးမျိုးနဲ့ ဖယ်ထုတ်လို့ မရပါက ကြွက်နို့ကို စနစ်တကျ ကုသသင့်ပါပြီ။ အကြောင်းမှာ ကြာလာရင် ကြွက်နို့တွေကနာပြီး ရုပ်ဆိုးကာ အများကြီးပွားတတ်ပါတယ်။ လူရဲ့ ကိုယ်ခံစွမ်းအားကျရင် သူ့အလိုလို ပျောက်ခဲပါတယ်။

– လိမ်းဆေးနည်းဖြင့် ကုသခြင်း
အရေပြားကို စားစေတဲ့ ဆေးမျိုး (salicylic acid, Podophyllin) ပေးပြီး ကုခြင်း။ ဒါပေမဲ့ ပိုဒိုဖိုင်လင်သည် ကိုယ်ဝန်ဆောင်မှာ သုံးမရပေ။

– အအေးပေးတို့ခြင်းဖြင့် ကုသခြင်း (Cryotherapy)
သုံးလေးလခန့် သေသေချာချာ မှန်မှန် ကုသရပါမယ်။

– လျှပ်စစ်စက်ဖြင့် ခြစ်ထုတ်ဖယ်ထုတ်ကုသခြင်း (Electrosurgery)
ထုံဆေးထိုးပြီး ကုသရပါမယ်။ အမာရွတ် ကျန်တတ်ပါတယ်။ အနာကျက်ဖို့ နှစ်ပတ်ခန် ့စောင့်ရပါမယ်။ ၂၀ ရာခိုင်နှုန်းခန့် ပြန်ဖြစ်တတ်ပါတယ်။ လေဆာနဲ့လည်း ကုသနိုင်ပါတယ်။

– ရက်တီးနွိုက်လိမ်းဆေးဖြင့် ကုသခြင်း
မကုဘဲထားရင် ပျောက်တတ်တယ်ဆိုပေမယ့်လည်း အသစ်ပွားပြီး ပိုများလာရင် ကုသမှ ပျောက်ပေလိမ့်မယ်။ ကြွက်နို ့ဖြစ်စေတဲ့ human papilloma virus အမျိုးမျိုး ရှိပါတယ်။

ဆိုထားပုံမှာ ကြွက်နို့ပိုး အမျိုးမျိုးမှာ သားအိမ်ကင်ဆာ ဖြစ်စေတဲ့ ကြွက်နို့ပိုးတွေက HPV-16 နဲ့ HPV-18 ဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်ကင်ဆာကို ကာကွယ်ဖို့ အမျိုးသမီးတွေ ကာကွယ်ဆေး ထိုးရပါမယ်။ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ သားအိမ်ခေါင်းကို စစ်ဆေးရမယ်။ အရေပြားမှာ ကြွက်နို့ဖြစ်စေတဲ့ HPV က ကင်ဆာ ဖြစ်ခဲပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top