Healthy Life Ad
Q & A

အသံ ခဏ ခဏဝင်နေပါတယ် . . .

မေး ။ ။ အသံခဏ ခဏ ဝင်နေလို့ အသံကြည်အောင် ဘယ်လိ်ုလုပ်ဆောင်သင့်ပါသလဲ။ အအေးမိတာလည်းမဟုတ်ပါဘူး။ ဒီအတိုင်း ဖြစ်နေတာပါ။
ဦးထွန်း၊ လှည်းတန်း။

ဒေါက်တာမြတ်ထွဋ်ညွန့် မှဖြေကြားပေးပါသည်။

ဖြေ ။ ။ အအေးမိတုပ်ကွေးဖြစ်ပြီး အသံဝင်တာမျိုးဆိုရင်ရက်ပိုင်းအတွင်းမှာပဲ သက်သာသွားတတ်ပါတယ်။တစ်လကျော်တဲ့အထိဖြစ်နေရင် ချောင်းဆိုးပြီး သွေးပါတာမျိုးပါဖြစ်ခဲ့ရင်၊ အသက်ရှူမဝတာမျိုးပါဖြစ်လာရင်၊ လည်ပင်းမှာ အကျိတ်လိုမျိုးစမ်းမိရင်၊ ကိုယ် အလေးချိန်ကျလာရင် စိုးရိမ်စရာ ဖြစ်လာပါပြီ။ ဆေးလိပ်သောက်တတ်သူဆိုရင် ပိုသတိထားရပါမယ်။နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုနဲ့ ပြသ စစ်ဆေးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top