Healthy Life Ad
Child

သင့်ကလေးအပေါ် အုပ်ထိန်းမှုပုံစံ မှားယွင်းနေပြီလား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ့်သားသမီးကို ထူးချွန်ထက်မြက်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမဲ့ သားသမီးအပေါ်အုပ်ထိန်းမှုပုံစံ လွဲမှားနေရင် ကလေးဟာ လူတော်လူကောင်းလေး ဖြစ်နိုင်ဖို့ ခဲယဉ်းသွားပါတယ်။ ဒါကြောင့် သင့်ကလေးအပေါ် အုပ်ထိန်းမှု မှားယွင်းနေပြီလားဆိုတာ သိနိုင်ဖို့ အောက်ပါတို့ကို ဆန်းစစ်ကြည့်စေချင်ပါတယ်။

– သင့်ကလေးက လိမ်ညာတတ်နေရင်
အရင်တုန်းကသင့်ကလေးရဲ့အမှားအပေါ်မှာ သင့်ရဲ့တုံ့ပြန်မှုက လွန်ကဲနေလို့ပါ။

– သင့်ကလေးက ဒေါသထွက်လွယ်နေရင်
သင့်ကလေးဒေါသထွက်လွယ်ရတဲ့ အကြောင်းရင်းက သင်ဟာ သူ့ကို အပြည့်အဝ ချီးကျူးဂုဏ်ပြုတာမျိုး မလုပ်ခဲ့လို့ပါ။ အဲဒီအတွက် သူဟာ မိဘတွေရဲ့ အာရုံစူးစိုက်မှု လိုချင်တာကြောင့် အပြုအမူမှားတွေ လုပ်မိနေတာ ဖြစ်ပါတယ်။

– သင့်ကလေးက သူများပစ္စည်း လိုချင်စိတ်ပြင်းပြနေရင်
သူ့ဘဝတစ်လျှောက်လုံး သင့်ကပဲ ဦးဆောင်ပြီးဝယ်ပေးခဲ့လို့ပါ။ သင့်ကလေးကို ရွေးချယ်ခွင့် မပေးခဲ့တဲ့အတွက် သူများပစ္စည်း လိုချင်စိတ် ပြင်းပြနေတတ်ပါတယ်။

– သင့်ကလေးက မနာလိုစိတ်များနေရင်
သင့်ကလေး ငယ်စဉ်ဘဝတစ်လျှောက်လုံးမှာသင်က သူ့ကို တခြားသူတွေနဲ့ အမြဲမပြတ် ယှဉ်ပြီးပြောနေခဲ့လို့ပါ။

– သင့်ကလေးက သူ့ကိုယ်သူ ယုံကြည်လေးစားစိတ်လျော့နည်းနေရင်
ဒါက သင့်အနေနဲ့ သင့်ကလေးကို အားပေးအားမြှောက်ပြုတဲ့နည်းနဲ့ အုပ်ထိန်းတာထက် သူ့ကိုဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့ စတဲ့အကြံပေးတာလွန်ကဲနေလို့ပါ။

– သင့်ကလေးက သူရဲဘောကြောင်နေရင်
ဒါက သင်ဟာ ဘယ်လို အခက်အခဲ၊ ဘယ်လိုအဟန့်အတားကိုမဆို သူ့ရှေ့ကနေ ဖယ်ရှားပေးနေတတ်လို့ပါ။

– သင့်ကလေးက သူ့ခြေထောက်ပေါ် သူမရပ်တည်နိုင်ရင်
ဒါက သင့်ကလေး ငယ်ရွယ်စဉ်မှာ လူအများရှေ့မှာ စည်းကမ်းချက်တွေကို အမြဲမပြတ် ထုတ်နေ
လို့ပါ။ သူ့မောင်နှမတွေ၊ သူ့သူငယ်ချင်းတွေနဲ့ဝမ်းကွဲမောင်နှမတွေရှေ့မှာတောင် ဆူပူကြိမ်းမောင်းနေတာမျိုး၊ ရိုက်နှက်တာမျိုး၊ စည်းကမ်းချက်တွေ အမြဲမပြတ်ထုတ်တာမျိုး မလုပ်သင့်ပါဘူး။

– သင့်ကလေးက တခြားသူရဲ့ ခံစားချက်ကိုမလေးစားရင်
ဒါက သူ့ကို အုပ်ထိန်းရာမှာ သူ့ခံစားချက်ကိုနားမထောင်ဘဲ အမြဲတစေ အမိန့်တွေချည်း ပေးခဲ့တဲ့အ တွက်ကြောင့် ဖြစ်ပါတယ်။

– သင့်ကလေးက လျှို့ဝှက်တတ်နေရင်
သင့်ကလေးက အမှားအယွင်းအသေးလေးပဲဖြစ်ဖြစ် လုပ်မိရင် သင်က ပြင်းပြင်းထန်ထန် ဒေါပုန်ထတတ်လို့ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top