Healthy Life Ad
Q & A

အရိုးရောဂါကို ဓာတ်မှန်ရိုက်ပြီး စစ်ဆေးခြင်း

မေး ။ ။ အရိုးရောဂါရှာဖွေရာမှာ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတာရဲ့ ကောင်းတဲ့အချက်ကို သိပါရစေဆရာ။
ဦးမောင်မောင်(လှိုင်မြို့နယ်)

ပါမောက္ခဦးနေဝင်း (အရိုး ခွဲစိတ်ဆရာဝန်ကြီး) ဖြေကြားပေးပါသည်။

ဖြေ ။ ။ အရိုးရောဂါတစ်ခုခုကို ကုသတော့မယ်၊ ရောဂါစစ်ဆေးဖို့လိုအပ်တယ်ဆိုရင် ရိုးရိုးဓာတ်မှန်ကိုအရင် ရိုက်ခိုင်းပါတယ်။ ရိုးရိုးဓာတ်မှန်ရိုက်ပြီးနောက်တစ်ဆင့်မှသာလိုအပ်ရင် CT Scan တို့၊ MRI တို့ရိုက်ရပါတယ်။ ဘာလို့လဲဆိုရင် အဲဒီ ရိုးရိုးဓာတ်မှန်ရိုက်လိုက်တာ တစ်ခုတည်းနဲ့တင် အရိုးမှာဘာဖြစ်နေတယ်ဆိုတာကို သေသေချာချာသိနိုင်လို့ဖြစ်ပါတယ်။ ရိုးရိုးဓာတ်မှန်က ဈေးပေါလို့ သိပ်မကောင်းဘူး၊ CT Scan တို့၊ MRI တို့ကမှ ပိုကောင်းတယ်ဆိုတာမျိုးမဟုတ်ပါဘူး။ အရိုးရောဂါတွေကို ရှာဖွေစစ်ဆေးတဲ့အခါမှာ ရိုးရိုးဓာတ်မှန်ရိုက်တာနဲ့ပဲ စပါတယ်။ အဲဒီဓာတ်မှန်တစ်ခုတည်းနဲ့တင် အရိုးမှာဖြစ်နေတဲ့ အကြောင်းအရာ information အတော်များများကို ရနိုင်ပါတယ်။ များသောအားဖြင့် အရိုး ရောဂါတွေမှာ ကြီးကြီးကျယ်ကျယ် ဘာမှထပ်စစ် ဆေးနေစရာမလိုပါဘူး။ ရိုးရိုးဓာတ်မှန်ကြည့်ပြီးတော့ပဲ ဘာဖြစ်နေလဲဆိုတာ သိနိုင်တယ်။ ကုသဖို့အနေနဲ့ကလည်း အရိုးဓာတ်မှန်ကိုကြည့်ပြီးတော့ဆက်လက်ကုသလို့ရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top