Healthy Life Ad
Q & A

ချောင်းဆိုးနေသည့် အချိန် ရှောင်သင့်၊ စားသင့်သော အစားအသောက်

မေး။ ။ ချောင်းဆိုးနေတဲ့ အချိန် ဘယ်လို အစားအသောက်တွေကို ရှောင်သင့်သလဲ၊ ချောင်းဆိုးသက်သာအောင် ဘာတွေ စားပေးသင့်သလဲ။
မိုးမိုးခင်၊ တွံတေး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပါသည်။

ဖြေ။ ။ ချောင်းဆိုးနေတဲ့အချိန်မှာ အဆီများတဲ့ အစာ၊ဆီကြော်စာ၊ ဟင်းအနှစ် စတာတွေကို မစားသင့်ပါဘူး။ စားသင့်တာက အရည်ရွှမ်းတဲ့ သစ်သီး၊ ဥပမာစောင်းလျားသီး စားပေးရင် ချောင်းဆိုးသက်သာပါတယ်။ ကင်ပွန်းချဉ်ဟင်းရည်သောက်ပေးရင်လည်းချောင်းဆိုး သက်သာပါတယ်။ချောင်းဆိုးတာက ဘာကြောင့် ဖြစ်တာလဲဆိုတာကိုလည်း ဆန်းစစ်ဖို့ လိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါကြောင့် ချောင်းဆိုးတာလား၊ ကူးစက်ပိုးဝင်လို့ ချောင်းဆိုတာလား စသဖြင့် စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့လည်း လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top